Sunday, January 24, 2016

"နေရာချင်းလဲကြည့်မှ"

"နေရာချင်းလဲကြည့်မှ"
။။။။။။။။။။။။။။။။။။။။။။။။။


“ကိုယ့်အမြင်နဲ့ မတူလို့
သူတစ်ပါး အယူအဆတွေ မှားတယ်လို့
မထင်ပါနဲ့။
တစ်ခါတစ်လေ
အမှန်တရားဆိုတာ နေရာချင်းလဲကြည့်မှ
သိနိုင်ပါတယ်။”

အရှင်စန္ဒာဝရ(တောင်တွင်း)

****************************

ဖတ်ဘူးခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။

လူတစ်ယောက်က မြစ်ကမ်းစပ် တစ်ခုမှာ ထိုင်နေပါတယ်။
အဲဒီအချိန်မှာ လူတစ်ယောက် မြစ်ထဲမှာ ရေနစ် နေပါတယ်။
ရေနစ်နေသူက အခုလို အော်ပါတယ်။
“ ကယ်ကြပါ၊ ကယ်ကြပါ၊ ကျွန်တော် ရေမကူးတတ်ဘူး ” တဲ့။
အဲဒီတော့ ကမ်းစပ်မှာ ထိုင်နေသူက အခုလို ပြောပါသတဲ့။
“ ငါလည်း ရေမကူးတတ်ပါဘူး။
ဒါပေမဲ့ အဲဒီလိုတော့ အော်မနေပါဘူး ” တဲ့။

No comments:

Post a Comment