Friday, February 12, 2016

“ပြည်ထောင်စု”



“ပြည်ထောင်စု”
။။။။။။။။။။။။။။။။။

(၆၉)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုပါ၏။

"မွန်၊ ဗမာ၊ ကရင်၊ ကချင်၊ ရှမ်း စသည်ဖြင့်
ခွဲခြားပြီး မတွေးပါနဲ့။

ငါတို့ အားလုံးဟာ ပြည်ထောင်စုတိုင်းရင်းသားများ
ဖြစ်တယ်ဆိုပြီးတော့ စိတ်ထဲမှာထားပြီး 
အတူတူလုပ်သွား စေချင်တယ်။

ဒီမိုကရေစီ နိုင်ငံတခု ဖြစ်သွာတယ်ဆိုလို့ရှိရင်
တိုင်းရင်းသားလူမျိုးအားလုံးရဲ့ အခွင့်အရေးများကို
ကျမတို့ ပြည့်ပြည့်စုံစုံပေးချင်တယ်။

တိုင်းရင်းသားလူမျိုးများရဲ့ ဘာသာရေး၊ ယဉ်ကျေးမှု
စသည်ဖြင့် ကျမတို့ အားပေးချင်တယ်။
ဘာဖြစ်လို့လည်းဆိုတော့
အများအတွေးအခေါ်၊ အများယဉ်ကျေးမှုတွေနဲ့
တည်ဆောက်ထားတဲ့ နိုင်ငံကြီးဟာ
ဘယ်သူတွေရဲ့ အတွေးအခေါ်နဲ့
ဘယ်သူတွေရဲ့ ယဉ်ကျေးမှုနဲ့
တည်ဆောက်ခဲ့တဲ့ နိုင်ငံကြီးထက်
အများကြီး ခိုင်ခံ့လာပေမယ်၊
အများကြီးလည်း တိုးတက်နိုင်မယ်၊
အများကြီးလည်း ကျမတို့ အတွက်
အဖိုးတန်နိုင်မယ် လို့ ယုံကြည်ပါတယ်။"

(ဒေါ်အောင်ဆန်းစုကြည်)

*********************

.............
“ခွဲရမှကျေနပ်ကြမယ်ဆိုရင်
အိန္ဒိယမြေပုံကို ငါ့ရင်ဘက်ပေါ် တင်ပြီး
ဓားထက်ထက်နဲ့ ထက်ခြမ်းသာခွဲလိုက်ကြပေရော့”
ကျူးရင့်တဲ့ မဟတ္တမဂန္ဓီကြီးရဲ့စကား
ကမ္ဘာတုန်အောင် ကြားခဲ့ရပေမယ့်

အိန္ဒိယနဲ့ ပါကစ္စတန်
နေရူးနဲ့ ဂျင်းနား
တစ်ကနေ နှစ်ဖြစ်သွားတာလား … ။
တစ်ကနေ တစ်ဝက်ဖြစ်သွားတာလား … ။
စဉ်းစား … ။

ဇော်သက်ဦး(Ayatekalay)

(ဇော်သက်ဦး - Ayatekalay ၏ “ပြည်ထောင်စု”ကဗျာမှ …)

credit to … linletkyalsin & poems corner

No comments:

Post a Comment