Thursday, July 30, 2015

“အာဇာနည်နေ့အဓိဌာန်”

“အာဇာနည်နေ့အဓိဌာန်”
။။။။။။။။။။။။။။။။။။။။။။။။။။။။။

@ အာဇာနည်ဆိုတာ
ကိုယ့်ဘာသာကိုယ် လုပ်ထားတဲ့
ပုခုံးဒေါက်က
ကြယ်ပွင့်များမဟုတ်။

@ ဖေါ်ရှိုးပြထားတဲ့
ရင်ဘတ်က
တံဆိပ်များလဲမဟုတ်။

@ ကိုယ့်ကိုယ်ကို အစွံထုတ်တဲ့
ဗိုလ်ချုပ်မှူးကြီး
ရာထူးလဲမဟုတ်။

@ ဘယ်သူမှ အတုလုပ်မရတဲ့
အနှိုင်းမဲ့
ဂုဏ်ပုဒ်ဖြစ်တယ်။

@ အာဇာနည်ဆိုတာ
တုပြိုင်ဘက် ကင်းတဲ့
စွန့်လွှတ် အနစ်နာခံခြင်းရဲ့
သရုပ်။

@ ရယူလိုမှုကင်းတဲ့
အဆုံးမဲ့ ပေးဆပ်ခြင်းရဲ့ 
ပြယုဂ်။  

@ လူသား ဖြစ်တည်မှုရဲ့
ကြီးမြတ်တဲ့ ဂုဏ်ပုဒ်
ဖြစ်တယ်။

*** လူတစ်ဦးရဲ့ လုပ်ရပ်ကို
သမိုင်းက အဖြေထုတ်သလို

အာဇာနည်ဆိုတဲ့ ဂုဏ်ပုဒ်ကို
လူထုရဲ့ နှလုံးသားက ထုလုပ်တယ်။ ***

@ အဲဒီဂုဏ်ပုဒ်ကို
ဦးညွတ် အလေးပြု ကြ။

အာဇာနည် စိတ်ဓါတ်ကို
လက်ဆင့်ကမ်း သယ်ဆောင်ကြ။

သူတို့ရည်မှန်းတဲ့
ဒီမိုကရေစီ ပန်းတိုင်ဆီ
တိုက်ပွဲဝင် ချီတက်ကြ။

အမျိုးသားရေး အောင်လံကို
အမြင့်မားဆုံး လွှင့်ထူကြ။

(ရွက်စိမ်း)

credit to ... saffron toward

PS ...

“အာဇာနည်” ဆိုတာကို ရိုးရိုး ရှင်းရှင်းလေး
အဓိပ္ပါယ်ဖွင့်ဆိုထားတဲ့ ကဗျာလေးပါ။
အချို့ … အချို့သော လူကြီးမင်းများဟာ
အာဇာနည်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လုံးလုံးမျှ
မထိုက်တန်သောသူကို
ထိုက်တန်သယောင်
အာဇာနည်တံဆိပ်ကပ်ဖို့ အဆင်ခြင်ဥာဏ်မဲ့စွာ
ကြိုးစားနေတာဟာ
ဝမ်းနည်းစရာပါ။
နောက်လူတွေ အမှတ်မှားပြီး အတုယူမိကြမှဖြင့် ...

(mhp)

No comments:

Post a Comment