Thursday, July 16, 2015

"နေရာနှင့် ကုလားထိုင်"


"နေရာနှင့် ကုလားထိုင်"
။။။။။။။။။။။။။။။။။။။။။။။။။။။


မြန်မာတို့၏ ဆိုရိုးဆိုစဉ် စကားစု၌ “လူမှန်နေရာမှန်”
ဟူသော စကားတစ်ခွန်း ရှိသည်။

နေရာတစ်ခုနှင့် ထိုက်တန်သော အရည်အချင်းရှိသူများက
ထိုနေရာကို ရောက်နေလျှင် ထိုအဖြစ်သည်
လူမှန်နေရာမှန် ဖြစ်သည်။

ထိုသို့ မဟုတ်ပါမူကား လူ၊ သို့မဟုတ် နေရာ၊
တစ်ခုခုကတော့ လွဲချော်ခဲ့ပြီဟု ဆိုရပါလိမ့်မည်။

ပင်ကိုယ်အရည်အချင်း မရှိပါဘဲလျက် နေရာတစ်ခုကို
အာသာငမ်းငမ်း ဖြစ်နေခြင်းသည် အကျည်းတန်သော
ကိစ္စရပ် ဖြစ်ပါ၏။

‘လူမှန်နေရာမှန်’ ဆိုသော စကား၏အဓိပ္ပာယ်သည်
သမိုင်းက အဆုံးအဖြတ်ပေး သော အရာ ဖြစ်သည်။

အချို့က နေရာတစ်ခုကို အပိုင်သိမ်းပိုက်လိုကြသည်။
သို့သော် သူတို့ရသွားသည်က နေရာ မဟုတ်။
ကုလားထိုင်တစ်လုံးသာ ဖြစ်သည်။

ကုလားထိုင်မှ ခွာသည်နှင့် တစ်ပြိုင်နက်
သူတို့၏နေရာက ပျောက်သွားသည်။
သူတို့၏ အမည်နာမက အဆုံးသတ်သွားသည်။

အမှန်တကယ် အရည်အချင်းရှိသူတို့၏ နယ်မြေ၌
ကုလားထိုင်သည် အရေးမပါ။

ထိုသူတို့သည် ကုလားထိုင် ကို ပိုင်ခဲ့သည်ဖြစ်စေ၊
မပိုင်ခဲ့သည်ဖြစ်စေ၊ နေရာတစ်ခုကို အခိုင်အမာ
ရပြီးဖြစ်နေသည်။

*** နေရာသည် လိုချင်လောဘ အရင်းခံစိတ်ဖြင့်
ရယူပိုင်ဆိုင်လိုခြင်း၌ မတည်။
ပေးဆပ်လိုစိတ် အရင်းခံဖြင့်
အများအကျိုးကို သယ်ပိုးရွက်ဆောင်လိုခြင်း၌
တည်၏။ ***

အရှင်သုမင်္ဂလ (စစ်ကိုင်း)

ဆောင်းပါးရှင် "အရှင်သုမင်္ဂလ (စစ်ကိုင်း)" ၏
"လူမှန်နေရာမှန် "  ဆောင်းပါးမှ

credit to ... Eleven Media Group

No comments:

Post a Comment