Tuesday, June 30, 2015

"NLD ကို မဲပေးကြပါစို့ "

"ရေးချင်မိတဲ့ စာ(၉)"

"NLD ကို မဲပေးကြပါစို့ "
။။။။။။။။။။။။။။။။။။။။။။။။။။။


@ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ
- အမျိုးသမီးကြီးတစ်ယောက်ကိုကြောက်လို့
- လိုရာဆွဲ၊ လိုရာအသုံးချနိုင်ဖို့ 
စနစ်တကျ ရေးဆွဲခဲ့တဲ့
ဖိနှိပ်ရေးဥပဒေတစ်ရပ်သာ ဖြစ်ပါတယ်။

@ ဇွန်လ ၂၅ ရက်နေ့က ကျင်းပတဲ့
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ
"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး
မဲခွဲဆုံးဖြတ်မှု" ရဲ့ ကျေးဇူးတော်ကြောင့်
(အများ)ပြည်သူရဲ့ ဆန္ဒကိုမျက်ကွယ်ပြုတဲ့
တပ်မတော်ရဲ့ သဘောထားအမှန်ကို
ကျမတို့ မျက်ဝါးထင်ထင်
တွေ့ မြင်လိုက်ရပါပြီ။

@ ဖွဲစည်းပုံအခြေခံဥပဒေမှာ
“နိုင်ငံတော် အချုပ်အချာအာဏာ၏
မူလပိုင်ရှင်သည်
ပြည်သူဖြစ်သည်” ဟု
အတိအလင်း ပြဌာန်းထားပါတယ်။

@ နောင်အခါများမှာ
နိုင်ငံတော် အချုပ်အချာအာဏာရဲ့
မူလပိုင်ရှင်ဖြစ်တဲ့
ကျမတို့ ပြည်သူတွေရဲ့ ဆန္ဒတွေ
အဟောသိကံ မဖြစ်ဖို့ရာ ...

(အများ)ပြည်သူ ဆန္ဒကိုသာ
အမြဲဦးစားပေးတဲ့
လူထုခေါင်းဆောင်
အမေစုရဲ့ ပါတီ NLD ကိုရွေးချယ်မှသာ ...

ကျမတို့ရဲ့ စစ်မှန်တဲ့ ဆန္ဒတွေ
ဘယ်လမ်းကြောင်း၊ ဘယ်နေရာမှ မပိတ်ပဲ
တသွင်သွင် စီးဆင်းနိုင်မယ်ဆိုတာ
တင်ပြရင်း ....

@ “ပြည်သူ့ဆန္ဒအမှန် စီးဆင်းဖို့ -
NLD ကို မဲပေးကြပါစို့ …”

(mhp)

refer to ...  ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်)
& original news agencies

No comments:

Post a Comment