Tuesday, June 2, 2015

“ဆုတံဆိပ်တွေ ဘာကြောင့်များ”

“ဆုတံဆိပ်တွေ ဘာကြောင့်များ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


အခမ်းအနားတစ်ခုမှာ
လူကြီးမင်းတစ်ယောက်ဟာ ရင်ဘတ်မှာ ဆုတံဆိပ်သုံးခု
ချိတ်ဆွဲထားတယ်။ 

အဲဒီ အခမ်းအနားကိုရောက်နေတဲ့
သတင်းထောက်တစ်ယောက်က လူကြီးမင်းကို သိလိုစိတ်နဲ့   
မေးပါတယ်။

“ဦးခင်ဗျာ …
ဒီဆု တံဆိပ်တွေက ဘယ်လိုတွေ ကြောင့်ရထားတာပါလဲ?"

လူကြီးမင်း  ကလည်း အသေအချာ ရှင်းပြပါတယ်။
"ဒီပထမဦးဆုံးရခဲ့တဲ့ ဆုတံဆိပ်က ဦးမှာ
ဘာဆုတံဆိပ်မှ မရှိသေးလို့ ပေးတဲ့ဆုတံဆိပ်ပါ။

ဒီ ဒုတိယဆုတံဆိပ်ကတော့
ပထမဆုတံဆိပ်ရထားတဲ့ သူကိုမှ ပေးတဲ့ဆုတံဆိပ်ပါ။ 

ဒီ တတိယဆုတံဆိပ်က ကျ တော့
ပထမနဲ့ဒုတိယဆုတံဆိပ် ရထားပြီးတဲ့သူကိုမှ 
ချီးမြှင့်တာမို့လို့ ရထားတာပါ" .... တဲ့။

သတင်းထောက်ကြီးလည်း တို့ဆီကလူကြီးမင်းတွေ
ဆုတံဆိပ်တွေများနေရခြင်းအကြောင်းကို
ရှင်းရှင်းလင်းလင်း  သိပြီးသကာလ ..... ။

(ထုဆစ်သူ)

credit to ... အချစ်တက္ကသိုလ်

PS ...
စာပိုဒ်အချို့ကို အနည်းငယ်
ပြု ပြင်ထားကြောင်း မူရင်းစာရေးသူအား
ဝန်ခံပါသည်။

(mhp)

No comments:

Post a Comment