Thursday, April 9, 2015

"မြတ်ဗုဒ္ဓနှင့် နီးကပ်သူ"

"မြတ်ဗုဒ္ဓနှင့် နီးကပ်သူ"
။။။။။။။။။။။။။။။။။။။။။။။။။။။


“ရဟန်းတို့ -

အကြင်သူသည် ...
ငါဘုရား၏ သင်္ကန်းစွန်းကို ဆွဲကိုင်၍
လိုက်နေစေကာမူ
ငါဘုရား၏ တရားကို မလိုက်နာ မကျင့်ကြံ၊
ထိုသူသည် ငါဘုရားနှင့် ယူဇနာများစွာခြား၏။

အကြင်သူသည် ...
ငါဘုရားနှင့် ယူဇနာများစွာ ဝေးကွာ၏။
သို့သော် ငါညွှန်သည့် တရားတို့ကို
လိုက်နာကျင့်ကြံ၏။
ထိုသူသည် ငါဘုရား၏ သင်္ကန်းစွန်းကို
ဆွဲကိုင်လိုက်သူကဲ့သို့ နီး၏။ ”

(မြတ်ဗုဒ္ဓ)

credit to ...  ဗုဒ္ဓကျေးဇူးကျောင်း

No comments:

Post a Comment