Thursday, April 2, 2015

" နွံ "

" နွံ "
။။။။။။


နှစ်ပေါင်း ၆၀ ကျော် ကြာအောင်
စွဲကပ်လာတဲ့
နာတာရှည် ရောဂါ
နေ့ချင်း ညချင်း ပျောက်ကင်းပြီး
နလန်ထဖို့ဆိုတာ ...
စိတ်ကူးယဉ်လို့ပဲ  ရမယ်။

ဟုတ်တယ် ...
လွတ်လပ်ရေး ရပြီးကတည်းက
သန့်ရှင်းတဲ့ အစိုးရ
ဘယ်တုန်းက ရှိလို့လဲ?

လွတ်လပ်ရေး ရပြီးကတည်းက
အရည်အချင်းရှိတဲ့ အစိုးရ
ဘယ်တုန်းကရှိလို့လဲ?

အတ္တကို ရှေ့တန်းတင်
ငါ့ဆွေ ၊ ငါ့မျိုး
ငါ့ကို ကိုးကွယ်တဲ့သူတွေကိုပဲ
စားပေါက်တွေ ဖန်တီးပေးကြ။

ပုလင်းတူ ဗူးဆို့အထာနဲ့
ဆွေစဉ် မျိုးဆက်တောင်
လက်တို့ပြီး  နေရာပေးနေတော့
တိုင်းပြည် ဘယ်လိုလုပ်
တိုးတတ်မှာလဲ။

လွမ်းမိတယ်ဗျာ ...
ကျုပ်တို့ ဗိုလ်ချုပ်သာ
အသေမစောခဲ့ရင်ပေါ့။

ဘယ်လိုလုပ်မှာလဲ
ဒီပုံ  ဒီစခန်း
ဒီလိုသာ မြန်းနေရင်

နောက်ထပ် နှစ်ပေါင်းတစ်ရာ
(အသက်ရှင်ခွင့်ရရင်)
စောင့်ကြည့်ချင်သေးရဲ့။

ငါတို့တိုင်းပြည်မှာ
အရည်အချင်းရှိတဲ့ လူတွေ
အများကြီးပါပဲ။

ဒါပေမယ့်
လူမှန် နေရာမှန်
မဖြစ်သေးသမျှ
ဆင်းရဲမွဲတေမှုနဲ့
နပန်းလုံးနေရ ဦးမှာပဲ။

(ကိုစိုးနိုင်)

credit to ... ကိုစိုးနိုင်၏ ဘလော့

No comments:

Post a Comment