Friday, April 3, 2015

"စွန်ကလေးတွေလိုပါပဲ"

"စွန်ကလေးတွေလိုပါပဲ"
။။။။။။။။။။။။။။။။။။။။။။။။။။။


လူတိုင်း လူတိုင်းဟာ လေပေါ်မှာပျံဝဲနေတဲ့
စွန်ကလေးတွေလိုပါပဲ ... ။

ငယ်စဉ်ကလေးဘ၀တုန်းက ဆိုရင် …
သင်ဟာ မိဘတွေရဲ့ လက်ထဲက စွန်ကလေးလိုပါပဲ။

ကျောင်းမှာ စတင် ပညာဆည်းပူးရတဲ့အချိန်ဆိုရင် ...
သင်ဟာ ဆရာတွေရဲ့လက်ထဲက စွန်ကလေးလိုပါပဲ။

လုပ်ငန်းခွင်ဝင်ရောက်ရတဲ့ အချိန်ဆိုရင် ...  
သင်ဟာ အလုပ်ရှင်(သို့) အထက်လူကြီးတွေရဲ့လက်ထဲက
စွန်ကလေးလိုပါပဲ။

မိမိရဲ့ ထာဝရလက်တွဲဖော်နဲ့ ဘ၀ခရီးလမ်းကို
လျှောက်လှမ်းကြရတော့မယ့်အချိန်ဆိုရင် ...
သင်ဟာ သင်ရဲ့ လက်တွဲဖော်ရဲ့ လက်ထဲက
စွန်ကလေးလိုပါပဲ။

အသက်အရွယ် အိုမင်းကြီးရင့်လာတဲ့အချိန်ရောက်တော့ ...
သင်ဟာ သင့်သားသမီးတွေရဲ့ လက်ထဲက
စွန်ကလေးလိုပါပဲ။

အပြာရောင် တိမ်တိုက်တွေပေါ်မှာ
လူးလွန့်ဝဲပျံနေတဲ့
အဲဒီ စွန်ကလေးတွေရဲ့နောက်ကွယ်မှာ
သူ့ကို ထိန်းကျောင်းချည်နှောင်ထားတဲ့
သံယောဇဉ်  စွန်လွတ်ကြိုးလေးကတော့
အချိန်အခါအလိုက် အမြဲတမ်း
တည်ရှိနေမှာ မလွဲဧကန်ပါ။

ဘယ်လောက်ပဲ ရှည်သည်ဖြစ်စေ တိုသည်ဖြစ်စေ
အကယ်၍သာ သင်ဟာ စွန်ကလေးဖြစ်ခဲ့မယ်ဆိုရင်
သင့်ကို "မြတ်နိုး တန်ဖိုးထားတဲ့လူတွေ" ဟာ
သင် အဝေးကို လွင့်မျောပြီး ဘေးအန္တရာယ်မကျရောက်အောင်
အားပေးနှစ်သိမ့်ဖို့
သံယောဇဉ် မေတ္တာဆိုတဲ့ စွန်လွတ်ကြိုးအဖြစ်နဲ့ 
ရပ်တည်နေကြမှာပါ .............. ။

(ရေးသားသူ အမည် ဖော်ပြမထားပါ။)

credit to ... လွတ်လပ်ခြင်းကောင်းကင်@Freedom Sky

PS ...
စာပိုဒ်အချို့ကို အနည်းငယ်
ပြု ပြင်ထားကြောင်း မူရင်းစာရေးသူအား
ဝန်ခံပါသည်။

(mhp)

No comments:

Post a Comment