Sunday, February 8, 2015

"ဗိုလ်ချုပ်၏ လျှောက်ထားချက်"

"ဗိုလ်ချုပ်၏ လျှောက်ထားချက်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ အရှင်ဘုရား၊
တပည့်တော်သည် ဗမာပြည်ကြီး လွတ်လပ်ရေးရရန်ကိစ္စတွင်
ဆရာတော်ကြီးများထံမှ အကူအညီရယူရန်၊
မဲဆွယ်ရန် လာခြင်းမဟုတ်ပါ။
တပည့်တော်မှာ
အခြားနိုင်ငံရေးခေါင်းဆောင်ကြီးများလို မဲရလိုမှုရည်ရွယ်ပြီး
ဆွမ်းကျွေးခြင်း၊ သင်္ကန်း ကပ်လှူခြင်း မပြုနိုင်ပါဘုရား။
လှူရန်လည်း တပည့်တော်မှာ ငွေမရှိပါ။
အလွန်ဆင်းရဲပါတယ်ဘုရား။
လှူမယ်ဆိုရင်လည်း သန့်သန့်ရှင်းရှင်းလှူမယ့် တကာပါဘုရား။”

“ဆရာတော်ကြီးများက
ပရိယတ္တိ၊ပဋိပတ္တိတရားများနှင့်
သာသနာတော်ကြီး ပြန့်ပွားရန်သာ တာဝန်ထားပြီး၊
ရိုးရိုးကြီးတွေဆိုတာ တပည့်တော် ယုံကြည်ပါတယ်ဘုရား။

ယခု သတိထားဖို့ကတော့ နိုင်ငံရေးသမားဟာ
အလွန်ပရိယာယ်များလှပါတယ် ဘုရား။
ကောင်းသော ပရိယာယ်နှင့် ကြုံပါက တော်ပါသေး၏။
မကောင်းသော ပရိယာယ်နှင့် ကြုံပါက၊
ငါးပါးသာမက သံဃာစင်ပါ မှောက်တတ်ပါသည် ဘုရား။

မကောင်းသော ပရိယာယ်ဆိုတာကတော့
နိုင်ငံရေးသမားတွေဟာ
ဆရာတော်ကြီးတွေကို အမျိုးမျိုးလှည့်ပတ်ပြီး
သူတို့တက်လမ်းနိုင်ငံရေး ငြမ်းဆင်သွားမှာ
စိုးရိမ်သောကြောင့်
လျှောက်ထားရခြင်း ဖြစ်ပါတယ် ဘုရား။”

(ဗိုလ်ချုပ်အောင်ဆန်း)
(၁၉၄၆ခု၊ ဇွန်လ ၄ရက်နေ့တွင် ရွှေဂုံတိုင်၊
ဘုရားကြီးကျောင်းတိုက်အတွင်း ညောင်တုန်း ဆရာတော်၊
ပေါင်းတည်ဘုရာကြီးဆရာတော်၊
မန္တလေးညောင်ရမ်းဆရာတော်၊
ပခုက္ကူဆရာတော် အစရှိသည့်
ဆရာတော်ကြီးများအား လျှောက်တင်ခဲ့ခြင်းဖြစ်သည်)
credit to ... ဒေါက်တာလွှမ်းမိုးဟန်

No comments:

Post a Comment