Friday, February 20, 2015

"တန်ဘိုးနှင့် အဓိပ္ပါယ်"

"တန်ဘိုးနှင့် အဓိပ္ပါယ်"
။။။။။။။။။။။။။။။။။။။။။။။။။။

@ အကောင်းဆုံး သံမဏိနဲ့ ပြုလုပ်ထားတဲ့
အိမ်ဦးခန်းက တန်ဖိုးကြီးကြီး ဓားတစ်ချောင်းဟာ
လူတွေကြည့်ခံရဖို့ပဲ အသုံးတည့်တယ် ...
သူ့မှာ ဓားနဲ့ ထိုက်တန်တဲ့ အရည်အချင်းတွေ
အားလုံး တုံးကုန်တယ်...။

သာမာန် ဈေးနည်းတဲ့ သံနဲ့ ပြုလုပ်ထားတဲ့ မီးဖိုချောင်က
ဟင်းရွက်လှီးတဲ့ ဓားကတော့ တန်ဖိုးနည်းပေမယ့်
ဓားတစ်ချောင်းရဲ့ အရည်အချင်းကို
အပြည့်အ၀ အသုံးချခွင့်ရတယ်...
ပါးပါးလေး ကျန်တဲ့ အထိ သူ့တာဝန်ကို
အပြည့်အ၀ထမ်းဆောင်သွားတယ်...။

"ဘယ်ဓားက ပိုထက်သလဲ...?"

@ တစ်ချို့က ပညာတွေ အများကြီးတတ်တယ်၊
ဘွဲ့တွေ အများကြီး ရတယ်...
ဒါပေမယ့် ဘာမှ လောကကောင်းကျိုးပြု အလုပ်မလုပ်ဘူး...
ကြာတော့ သူ့အရည်အချင်းတွေဟာ လူပုံအလယ်မှာ
ချီးမွမ်းခံရဖို့က လွဲပြီး တုံးကုန်တယ်...။

တစ်ချို့က ဘွဲ့တွေ သိပ်မရဘူး (သို့မဟုတ်) လုံးဝ မရဘူး၊
ဒါပေမယ့် ဘ၀ကို အကောင်းဆုံး အသုံးချပြီးတော့
လောကကောင်းကျိုးပြု လုပ်ငန်းတွေနဲ့
သူရဲ့ အချိန်ကို ကုန်လွန်စေတယ်... သေတဲ့ အထိပဲ...။

"ဘယ်လိုလူက ပိုတန်ဘိုးရှိသလဲ...?"

အရှင်တေဇာနန္ဒ
(စေတနာပန်းခင်း ဆရာတော်)

credit to .... ရွှေဘုန်း via မြတ်ဗုဒ္ဓ ၏ ဓမ္မ စာစုများ

No comments:

Post a Comment