Monday, February 23, 2015

"ပန်းတိုင်ရှိရာ"

"ပန်းတိုင်ရှိရာ"
။။။။။။။။။။။။။။။။။

@ ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။

@ ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ။

@ ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။

@ လေးဖက်တွားရင်း ကျေနပ်
ထပြီးမရပ်ဘဲနေမယ့် အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။

မောင်စိန်ဝင်း(ပုတီးကုန်း)

credit to ... အိုအေစစ်

No comments:

Post a Comment