Thursday, February 5, 2015

"ဖြစ်ရပ်မှန်နဲ့ ထင်မြင်ချက်"

"ဖြစ်ရပ်မှန်နဲ့ ထင်မြင်ချက်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(Facts Vs Opinion)

@ သတင်းခေတ်ကြီးမှာ သတင်းကြောင့်ဖြစ်ရတဲ့ကောင်းကျိုး
ဆိုးကျိုးတွေအများကြီး ....
ကောင်းကျိုးကတော့ သတင်းမှန်တွေကို ကောင်းစွာ
သုံးသပ်နိုင်ရင် အနာဂါတ်ကို ကြို တင်မှန်းဆနိုင်မယ်၊
လက်ရှိပြဿ      နာ ကိုပြေလည်အောင် ဖြေရှင်းနိုင်မယ်။
သတင်းမမှန်ကန်ဘူး၊ သတင်းဖတ်သူရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း
အားနည်းရင်လူမူရေး၊ စီးပွားရေးပြဿ      နာပေါ်မယ်။ နိုင်ငံရေး
မတည်မငြိမ်ဖြစ်တဲ့အထိ ဆိုးဝါးနိုင်တယ်။

@ သတင်းတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဖြစ်ရပ်တွေကို
အမှားအကင်းဆုံးနဲ့၊ အမှန်ဆုံးတင်ပြလိုရင်းဖြစ်ရမယ်။
ကြွချင်ထချင်တဲ့သူတွေနဲ့၊ ဖွချင်ဆွချင်တဲ့သူတွေ ကြားမှာ၊
သတင်းဟာ လူ့အဖွဲ့အစည်းတစ်ခုကို ဒုက္ခပေးဖို့အကောင်းဆုံး
လက်နက်ပဲ။

@ အထက်မှာပြောခဲ့ပြီးတဲ့အတိုင်း သတင်းဆောင်းပါးတွေမှာပါတဲ့ အချက်လက်တွေ၊ ဖြစ်ရပ်တွေ(Facts)ဟာ ဘက်မလိုက်ဘဲ
တင်ပြတာမျိုးပဲဖြစ်ရမယ်။

@ *** သတင်းတစ်ခုမှာတင်ပြထားတဲ့ ဖြစ်ရပ်မှန်တွေဟာ
ဓမ္မဓိဋ္ဌာန်ကျရမယ်၊ အရှိအရှိတိုင်းဖြစ်ရမယ်။
သတင်းတစ်ခုမှာတင်ပြထားတဲ့ ဖြစ်ရပ်တွေဟာ
ဧကန်ဧကကျရမယ်။***
မြန်မာနိုင်ငံဟာ ၁၉၄၈ မှာလွတ်လပ်ရေးရတယ်ဆိုတဲ့သတင်းဟာ
ကာလမရွှေး၊ အချိန်မရွှေးမှန်ရမယ်။ သတင်းတွေကိုတင်ပြရာမှာ
မည်သူတစ်ဦးတစ်ယောက်ရဲ့ ထင်မြင်ယူဆချက်ကိုမှ
သတင်းဆောင်းပါးတစ်ခုကို လွမ်းမိုးစေတာမျိုး မဖြစ်သင့်ဘူး။

@ *** ထင်မြင်ချက် (Opinion) ဆိုတာ ပုဂ္ဂိုလ်ရေးယုံကြည်ချက်နဲ့
ခံစားချက်ကထွက်လာတဲ့ အယူအဆတွေပဲဖြစ်တယ်။
ဒါကြောင့် ပုဂ္ဂိုလ်ရေးယူဆချက်တွေဟာ လူတိုင်းအတွက်မမှန်နိုင်ဘူး၊
ကာလဒေသမရွေးမှန်တဲ့ အမှန်တရားမဖြစ်နိုင်ဘူး။ ***
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အလှဆုံးနိုင်ငံပါလို့ပြောရင်
လူတိုင်းလက်ခံမှာမဟုတ်တဲ့ ပုဂ္ဂိုလ်ရေးထင်မြင်ချက်ပဲဖြစ်တယ်။
အလှပဆိုတာကိုက ပုဂ္ဂိုလ်ရေးသဘောဖြစ်တာမို့ အချက်အလက်အဖြစ်
တင်ပြခြင်းဟာအငြင်းပွား စရာတွေဖြစ်စေတယ်။

@ လောလောဆယ်မြန်မာနိုင်ငံမှာ သတင်းလို့ထင်မြင်ဖွယ်ရှိသော
အရာများနဲ့ သတင်းသမားဟုဆိုသောသူများအားလုံးဟာ
အမှန်ပြောတာနည်းပြီး၊ ထင်မြင်ချက်တွေများနေတယ်။

@ သတင်းတစ်ခုကိုလက်မခံခင် သတင်းအရင်းမြစ်နဲ့ သတင်းပေးသူ၊
သတင်းနောက်ကွယ်ရှိ အစိုးရအဖွဲ့အစည်းတွေအပါအ၀င်
အခြားသောအဖွဲ့အစည်းနဲ့ လူအချို့ ရဲ့ ရည်ရွယ်ချက်နဲ့
သူတို့ရဲ့ နည်းဗျူဟာတွေကို ပထမဦးစွာ နားလည်
သဘောပေါက်ဖို့တော့လိုမယ်။
သတင်းပေးနေတာလား၊ ပြည်သူကိုတစ်ခုခုမှာ ယုံကြည်ခိုင်းနေတာလား၊
သို့မဟုတ် ပြည်သူတို့ရဲ့ အယူအဆတွေ ပြောင်းစေချင်လို့လား
စသည်ဖြင့်တော့ခွဲခြားတတ်ရမယ်။

AMM (Greenhill)
credit to .... လူဗိုလ်ဟူသည်

No comments:

Post a Comment