Friday, January 9, 2015

"နေတတ်အောင် ကြည့်နေ"

"နေတတ်အောင် ကြည့်နေ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“လောကထဲရောက်လာရင် လောကဓံနဲ့ဖက်ပြီး
ရန်မတွေ့ရဘူး၊
တွေ့နေရင် ကိုယ်က အမြဲရှုံးတယ်၊
လောကဓံဆိုတာ ကိုယ်ဖြစ်ချင်သလို
လိုက်ဖြစ်ပေးတာမှ မဟုတ်ဘဲ၊
သူဖြစ်ချင်သလို ဖြစ်နေတာ။

အဲဒါ ကိုယ်က သူနဲ့ အလိုက်အထိုက်နေတက်အောင်
ကျင့်ရတာပေါ့၊
တစ်ခါ တစ်ခါ လောကဓံဟာ
သည်းမခံနိုင်လောက်အောင်
မကျေနပ် စရာတွေနဲ့ တွေ့ကြုံရတာလဲ ရှိတတ်တယ်၊
ကျေနပ်စရာပဲ တွေ့တွေ့၊ မကျေနပ်စရာပဲ တွေ့တွေ့
ကိုယ်က နေတတ်အောင်ကြည့်နေရတယ်”

“မကျေနပ်ရင် ငုံ့ကြည့်လိုက် … ဆိုတော့ …
ကျေနပ် လွန်းနေရင် မော့ကြည့်လိုက်ရင်ကော
ဒီရောဂါသက်သာ မသွားလောက်ပေဘူးလား”

(မင်းကွန်တိပိဋက ဆရာတော်ကြီး)

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) ၏
မထေရ်မြတ်တို့စကားဝိုင်း[၁] မှ ....
credit to .... ထေရဝါဒ ရနံ့

No comments:

Post a Comment