Thursday, January 22, 2015

"သာသနာသန့်ရှင်းရေး"

"သာသနာသန့်ရှင်းရေး"
။။။။။။။။။။။။။။။။။။။။။။။။။။။

မြန်မာစကားလုံး သုံးထားတာက
"သာသနာသန့်ရှင်းရေး" သုံးထားတယ်။
ဒီစကားက သိပ်ပြီးမှားတယ်။
သာသနာက သူ့ဟာသူ သန့်ရှင်းနေတာ။
ဘာမှဖြစ်တာမဟုတ်ဘူး။

လူတွေမကောင်းလို့၊ လူတွေက ညစ်ပတ်လို့၊
လူမသန့်ရှင်းဘူး၊ လူညစ်ပတ်တယ်။
ရဟန်းညစ်ပတ်တယ်။ ရဟန်းမသန့်ရှင်းဘူး။
သာမဏေ ညစ်ပတ်တယ်။ သာမဏေ မသန့်ရှင်းဘူး။
ရဟန်းသန့်ရှင်းအောင်၊ သာမဏေသန့်ရှင်းအောင်၊
သံဃာသန့်ရှင်းအောင်၊လူသန့်ရှင်းအောင်၊
ပုဂ္ဂိုလ်တွေ သန့်ရှင်းအောင်လုပ်ဖို့ကောင်းတယ်။
သာသနာသန့်ရှင်းအောင် လုပ်ဖို့မလိုဘူး။

သာသနာဟာ အပြစ်မရှိဘဲ သာသနာသန့်ရှင်းအောင်
လုပ်ရမလား။ ဒီလို စိတ်က တွေးမိတယ်။
သာသနာဟာ အပြစ်မဟုတ်ဘဲနဲ့ သာသနာကို
အပြစ်တင်ပြီးတော့
သာသနာညစ်နွမ်းတယ်လို့ ပြောနေကြတယ်။

ဘုရားရှင် လက်ထက်ကလည်း ဒီသာသနာပဲ၊
ခုလည်း ဒီသာသနာပဲ။
ဒီ သာသနာဟာ ဘာမှဖြစ်မသွားပါဘူး။
သူ့ဟာသူ သာသနာပဲ။
သာသနာမှီပြီးတော့
သာသနာနည်းလမ်းအတိုင်း မလိုက်တဲ့ ပုဂ္ဂိုလ်တွေက
ညစ်နွမ်းပြီးနေတယ်။
မသန့်ရှင်းဘဲဖြစ်ပြီးတော့ နေတယ်။

သူတို့ကိုသာ
သန့်ရှင်းအောင်၊ စင်ကြယ်အောင် လုပ်ဖို့ရှိတာပဲ အောက်မေ့တယ်။

(ကျေးဇူးတော်ရှင် စံကင်းဆရာတော်ဘုရားကြီး)

(ရွှေကျင် သာသနာပိုင် သက်တော်ရှည် စံကင်း ဆရာတော် ဘုရားကြီးသည်
သီလစင်ကြယ်၏၊ ၀ိနည်း လေးစား၏။ ဘုရားရှင် အဆုံးအမ အတိုင်း နေထိုင်
ကျင့်ကြံ၏။ ဘုရားရှင်၏ သာသနာတော်နှင့် ပတ်သက်လျှင် စကားလုံး
တစ်လုံးကိုမျှ အတိမ်းအစောင်း မခံလိုပေ။ "သာသနာတော် သန့်ရှင်းရေး"
ဟူသော စကားကို တွင်တွင် ကျယ်ကျယ် သုံးကြခြင်းကို နှစ်သက်တော်
မမူပေ။)

credit to .... True Dhamma & Dhamma Web

No comments:

Post a Comment