Wednesday, January 7, 2015

“ငါဘာကောင်လဲ … မင်းသိလား?”

“ငါဘာကောင်လဲ … မင်းသိလား?”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နယူးယောက်မြို့လေဆိပ်မှာပါ။
ယူနိုက်တက်အဲလိုင်းက လေယာဉ်တစီးမထွက်ဖြစ်ဘူး။

ဒါကြောင့် လေယာဉ်အေးဂျင့်အမျိုးသမီးလေးတယောက်ထဲ အဲဒီလေယာဉ်ပေါ်လိုက်ပါမဲ့ခရီးသည်တွေအတွက် နောက်လေယာဉ်ကို
ပြန်ပြီးဘိုကင်လုပ်ပေးနေရတယ်။ သူမတဦးထဲမို့ ကောင်တာနောက်မှာ ရှုပ်ရှက်ခပ်အောင်လုပ်နေရတဲ့အချိန်
စိတ်ဆိုးမာန်ဆိုးနဲ့ခရီသည်တယောက်လူတွေကိုတိုးဝှေ့
ဖယ်ရှားပြီး ကောင်တာရှေ့ကိုရောက်လာတယ်။
ရောက်တာနဲ့လေယာဉ်လက်မှတ်ကို ကောင်တာပေါ်ခပ်ကြမ်းကြမ်းလေး
ရိုက်တင်လိုက်ပြီး
"ငါ-ဒီလေယာဉ်ကိုစီးမဲ့ ပထမတန်းကခရီးသည်"

အေးဂျင့် ...
"ဝမ်းနည်းပါတယ်ရှင်။ ကျမအရမ်းကူညီချင်ပါတယ်။
ဒါပေမဲ့ ဒီရှေ့ကခရီးသည်တွေကိုအရင်ဘိုကင်လုပ်ပေးရအုံးမယ်။
ပြီးရင် အသေအချာပဲရှင့်အလှည့်ရောက်မှာပါ။"

စိတ်ဆိုးမာန်ဆိုးခရီးသည်ကမကြေနပ်စွာနဲ့သူ့နောက်ကခရီးသည်တွေ
အကုန်ကြားရလောက်တဲ့လေသံမာနဲ့ ....
"ငါ-ဘာကောင်လဲ ဆိုတာ ... မင်းသိလား?"

အေးဂျင့်လည်း လုံးဝတုန့်ဆိုင်းမှုမရှိပဲ ခပ်ပြုံးပြုံးလေးနဲ့သူမရှေ့မှာရှိနေတဲ့ မိုက်ခရိုဖုန်းလေးကိုကောက်ကိုင်လိုက်ပြီး
"ကျေးဇူးပြုပြီးအားလုံးနားထောင်ပေးပါ၊"

သူမရဲ့အသံ လေယာဉ်ကွင်းတခုလုံးမှာ ပြတ်သား၊ ကြည်လင်၊ ကျယ်လောင်စွာထွက်ပေါ်လာတယ်။
"ကျမတို့ရဲ့ဂိတ်အမှတ် ၁၄ မှာ ကိုယ့်ကိုယ်ကို ဘယ်သူမှန်းမသိပဲ ငါဘယ်သူလဲသိလားလို့မေးနေတဲ့ ခရီးသည်တယောက်ရောက်နေပါတယ်။ သူ့ကိုသိတဲ့သူများရှိခဲ့ရင် လာရောက်နာမည်ပြောပေးပါ။ ကျေးဇူးတင်ပါတယ်။"

ခရီးသည်တွေအားလုံး ရီမောကုန်ကြတယ်။
အေးဂျင့်က ခပ်ပြုံးပြုံးလေးနဲ့ဆက်ပြီး (မိုက်ခရိုဖုန်းမပါ)

"ဝမ်းနည်းပါတယ်ရှင်။ နောက်ကတန်းစီပေးပါ။
ရှင့်အလှည့်ရောက်လာပါလိမ္မယ်။"

(Life isn't about how to survive the storm,
but how to dance in the rain.)

ဘကြီးသက်
credit to .... bagyithet

PS ....
"ငါ-ဘာကောင်လဲ ... မင်းသိလား?"
ဆိုတတ်သူများအတွက်ပါ။
ကိုယ့်ဟာကို သေသေချာချာလေ့လာထားနော် ... :-)
(mhp)

No comments:

Post a Comment