Thursday, January 29, 2015

"ခံတပ်"

"ခံတပ်"
။။။။။။။။။
@ လူတိုင်းအတွက်
မနက်ဖြန်ဆိုတာ
ဘယ်သူမှ သေချာတာ မဟုတ်ဘူး
ဒါပေမယ့်
မသေချာတာကို အကြောင်းပြ
ရပ်နေလို့ရော ရမလား။

@ မင်းတို့ ငါတို့ သေတဲ့အခါ
ဘာဆို ဘာမှ ပါမသွားဘူး
ဒါပေမယ့်
မပါတာကို အကြောင်းပြ
ရပ်နေလို့ရော ရမလား။

@ ဘဝဆိုတာ
လှုပ်ရှားရုံးကန် နေသမျှ
ရှင်သန်နေကြမှာပဲ
အနိုင် နဲ့ အရှုံး ဆိုတာ
လူတိုင်း လူတိုင်း တွေ့ကြုံနေတာမို့
နိုင်တဲ့အခါလည်း မအော်နဲ့
ရှုံးတဲ့အခါလည်း မငြီးနဲ့
ခိုင်မာတဲ့ စိတ်ဓါတ်ဟာ
မင်းဘဝအတွက် ခံတပ်ပါပဲ။

@ မင်းခံတပ်ကို မင်းပြန်စစ်
အက်နေရင် ဖာ
နိမ့်နေရင် ဖို့
ပြိုနေရင် အသစ်တည်ဆောက် ....

@ စိတ်ဓါတ်ခိုင်မာသူအတွက် ကြောက်တဲ့အရာ
ဒီလောကမှာ မရှိဘူး။

စိတ်ဓါတ်ခိုင်မာသူအတွက် မဖြစ်နိုင်တာ
ဒီလောကမှာ မရှိဘူး။

စိတ်ဓါတ်ခိုင်မာသူအတွက် အခက်အခဲဆိုတာ
စာဖွဲ့လောက်စရာ မဟုတ်ဘူး။

စိတ်ဓါတ်ခိုင်မာသူအတွက် အောင်မြင်မှုဆိုတာ
မရမှာ ပူစရာမလိုဘူး။

စိတ်ဓါတ်ခိုင်မာသူအတွက် အရာရာတိုင်းဟာ
အောင်ပွဲနဲ့ စောင့်နေမှာမို့
ထစ်ကနဲဖြစ် စိတ်မညစ်နဲ့
ဘယ်သောအခါမှ စိတ်ဓါတ်မကျနဲ့။

(ကိုစိုးနိုင်)
credit to .... soenaingu

No comments:

Post a Comment