Wednesday, December 3, 2014

"ရေးချင်မိတဲ့ စာ(၆)"

"ရေးချင်မိတဲ့ စာ(၆)"
။။။။။။။။။။။။။။။။။။။။။။။။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ က သမ္မတ၏ မွေး ဇာတိ
ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဟိုင်း ကြီး ကျွန်းမြို့၊
ကျုံကူးကျေးရွာရှိ “သမုဒ္ဒရံသီ စေတီတော်” ထီးတင်ပွဲသို့
သမ္မတဦးသိန်းစိန်နှင့် အတူလိုက်ပါလာသည့် အစ်ကိုဖြစ်သူ
ဦးထွန်းမြင့် အား မြန်မာသံတော်ဆင့်ကတွေ့ဆုံ မေးမြန်း ရာ  


ဦးထွန်းမြင့်က .....
“အသက် ၁၈ နှစ်သား လောက်တည်းက တပ်ထဲဝင်သွားပြီး
တိုင်းပြည် တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီးပြီပဲ။ အဘဆန္ဒအရတော့ ဆက်မလုပ် စေချင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေး
အရပဲ။ နှလုံးခုန်စက် တပ် ထားရပြီးပြီ။ အခု အသက် ၇၁ နှစ်ရှိပြီ
ဆိုတော့ အဘကတော့ မှန်တာကို ပြောရရင် ဘာသာရေးကိုပဲ
လုပ်စေ ချင်တယ်။ လောကီရေးတွေချည်းပဲ လုပ်နေရင် ငရဲကျနေမယ်။
အဘတို့ ငယ်ငယ်တုန်းက တေမိ ဇာတ်ကို ကြည့်ဖူးတယ်။ တေမိ
မင်းသား မွေးလာတော့ စကားပြောတတ်တဲ့ အရွယ်မှာ စကားမပြောဘူး။
ဘာကြောင့်လဲ ဆိုတော့ သူက ဇာတိ ဿ      ရဉာ ဏ်ရတယ်လေ။
အရင်ဘ၀က အိမ်ရှေ့မင်း သား ဖြစ်ခဲ့ပြီးတော့ မုဆိုးမတစ်ဦးရဲ့
တဲကိုတိုက်ပြီး ဖျက်ပစ်လိုက်တယ်။ အဲဒါသေတော့ ငရဲမှာကျတယ်။
ဒါတွေကို သူက ဇာတိဩဿ     ရဉာ ဏ် ရတော့ မြင်ရတယ်။ အရင်ဘ၀က လုပ်ခဲ့တာတွေကို ပြန်မပြောတဲ့အတွက် စကားမပြောဘဲ နေတယ်။
ဒါကြောင့် အဘကတော့ အစ်ကိုတစ်ယောက် အနေနဲ့ သူ့ကိုလည်းပဲ
တိုင်းပြည်ကို ဒီလောက်အထိ လုပ်ပေးရ တော်လောက် ပြီပေါ့။
ဆက်မလုပ်စေချင်တော့ဘူး။ သူကတော့ အစ်ကိုကို လုပ်မယ် လည်း
မပြောဘူး။ မလုပ်ဘူးလည်း မပြောဘူး” ဟု သမ္မတနှင့် ပတ်သက်သည့် သူ့သဘောထားကို ပြောကြား ခဲ့တဲ့သတင်းလေးတစ်ပုဒ်ကို
ဖတ်လိုက်ရပါတယ်။

အဲ့ဒီ သတင်းလေးဖတ်ပြီးတဲ့အခါ မိမိအနေနဲ့
@ အဘ ဦးထွန်းမြင့်ရဲ့ ညီတစ်ယောက်အပေါ်ထားတဲ့ စေတနာတွေ၊
သဘောထားတွေကို လေးစား ချီးကျုး မိပါတယ်။

@ အဘအနေနဲ့ သမ္မတကြီး အပေါ်တေမိဇာတ်လေးခင်းပြီး သဘောရိုးနဲ့ ဥပမာပေးရှင်းပြတာလေးကိုလဲအတိုင်းမသိ နှစ်ခြိုက်မိပါတယ်။

@ အဘ ဥပမာပေးတဲ့ဇာတ်ရဲ့ကျောရိုးဟာ ယနေ့ဖြစ်ပျက်နေတဲ့ နိုင်ငံရေး
အခြေအနေတွေ ကိုလည်း တစ်စိတ်တစ်ဒေသ လှစ်ဟပြလိုက်သလိုပဲ
ခံစားမိတယ်။

@ အဘပြောခဲ့တဲ့ စကားတွေကိုစိတ်ဝင်တစားနဲ့ နောက်
တစ်ခေါက်ပြန်ဖတ်ရင်း
*** “(မုဆိုးမတစ်ဦး) ရဲ့ တဲကို တိုက်ပြီး ဖျက်ပစ်လိုက်တယ်၊
အဲဒါသေတော့ ငရဲမှာကျတယ်။” ***
ဆိုတဲ့နေရာလေးကို တော့
“ကိုယ့်အတွေးနဲ့ ကိုယ်” ထပ်ခါ ထပ်ခါ ပြန်ဖတ် ပြီး
စဉ်းစားနေမိ ပါတော့တယ်။

(mhp)
original news .... Myanmartandawsint Newspaper

No comments:

Post a Comment