Friday, December 19, 2014

“ဘယ်မှာနေသလဲ မမေးပါနဲ့”

“ဘယ်မှာနေသလဲ မမေးပါနဲ့”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
@ လူသွား ပလက်ဖောင်း ပျောက်
ဈေးဆိုင်တွေ လမ်းပေါ်ရောက်နေတဲ့မြို့၊

@ မိုးတွင်းဆို အသွင်ပြောင်း
လမ်းတွေ မြောင်းဖြစ်တဲ့မြို့၊

@ လေပြင်းတစ်ချက်တိုက်ရင်
ဖုန်းလိုင်းတွေပြတ်
မီးတွေ မှောင်မိုက်တတ်တဲ့မြို့၊

@ အပြင်ပန်း အမြင်လှတဲ့
သင်တန်းဟန်ပြတွေ များတဲ့မြို့၊

@ စပွန်ဆာဆိုတဲ့ စကား ခေတ်စားပြီး
ဟိုတယ် မာဆတ်တွေ များတဲ့မြို့၊

@ ငါးပိသိပ် ငါးချဉ်သိပ် ခရီးသည်တင်
အဲကွန်းပျက်နေတဲ့
အထူးယာဉ်တွေ များတဲ့မြို့၊

@ မြို့လည်ခေါင် သေနတ်နဲ့ပစ်
အာဏာရှင် အကျင့်ဆိုးတွေ
အုပ်မိုးခဲ့ဖူးတဲ့မြို့၊

@ တစ်ခေတ်က အာရှရဲ့ရှေ့ဆောင်
ခုချိန်မှာ နန်းကျ
ချောင်ထိုးခံထားရတဲ့ မြို့
အဲဒီမြို့မှာ ကျွန်တော်နေတယ် …. ။

(ကိုရေဦး)
credit to .... jyein

No comments:

Post a Comment