Tuesday, December 2, 2014

"မန္တလေး"

"မန္တလေး"
။။။။။။။။။။။။
@ မြို့သားတွေကို လိုက်မကြည့်နဲ့
ခင်ဗျားကိုယ်တိုင်
မြို့ပြင် ရောက်သွားလိမ့်မယ်။

@ ဖက်ထား
နာရီစင်ကို ဖက်ထား
နန်းမြို့ရိုးကို ဖက်ထား
ရှိနေတုန်း ဝအောင်ကြည့်ထား
နောက်ဆို
ဧရာဝတီလည်း မသေချာဘူး
ရုမ်းရိုးမလည်း ဖြူ ရင် ဖြူ သွားမှာ။

@ မန်းလေးတောင်နဲ့
ဓါတ်ပုံ တွဲရိုက်ထား
ကျောက်စာတွေ
အလွတ် ကျက်ထား
ဒါတွေလည်း မသေချာဘူး။

@ တောင်သမန်ကို
အမှတ်တရ လက်မှတ်ထိုးခိုင်းထား
မဟာမြတ်မုနိရောက် အမှတ်တရ
ငွေမပိုလည်း ဝယ်ထား
ရွှေကျောင်းကြီး
သုဓမ္မာဇရပ်တန်း
ပန်တျာကျောင်း
နောက်ဆို
နှောင်းလူတွေကို
ကျိန်ပြောရင် ပြောနေရမှာ။

@ သတိထား
သတိကြီးကြီးထား
ကြပ်ကြပ်သတိထား
သူတို့က
တတိတိနဲ့
ပိပိရိရိ ဖဲ့စားနေတာ
ခင်ဗျား
သိပ်မကျန်တော့ဘူးဆိုတာ
သိလား။

@ အခုက
လမ်းအစုတ်တွေပေါ်က
ဘီးစုတ်ကလေးကြည့်ပြီး
ရင်မောရတဲ့အချိန် မဟုတ်တော့ဘူး
ကိုယ့်လူ
လာပါ
သေချာတုန်းလေး
စကားစ မြည်ပြောရအောင်
ဒီကဗျာ ရေးပြီးရင်
ကျနော် လည်း
စကားဝဲရင် ဝဲသွားမှာ။ ။

(ယဉ်ဝယ်ထက်)
credit to .... drkokogyi

No comments:

Post a Comment