Wednesday, October 21, 2015

"လူကြီးလူကောင်ဆန်တဲ့ လူယုတ်မာများ"

"လူကြီးလူကောင်ဆန်တဲ့ လူယုတ်မာများ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။


ငါးမျှားချိတ်
တလှုပ်လှုပ်တခါခါ ဖြစ်လာတော့
ကျွန်တော် မကောင်းကြောင်းကို
အားနဲ့အင်နဲ့
အပေါ်ကို မရမက
ဆွဲတင်လိုက်ကြတယ်။

ဒီနေရာက
ကိုယ်ရည်ကိုယ်သွေး တီးလုံးတွေတီးတဲ့
နေရာလား
ဒီစာမျတ်နှာက
ကိုယ့်ဂုဏ်ကိုယ်ဖော်
မသူတော်လား
“မင်းခန့်သူ” က
လှံစိုက်ရာ
နိမ့်ရတဲ့မြေလား
သင်က
လူကြီးလူကောင်းဆန်တဲ့
လူယုတ်မာလား။

ဘ၀ဆိုတာ
ရေပွတ်ပမာ ဆိုတာထဲက
ခင်ဗျားတို့ လိုချင်တာ
ငွေကြေးလား ဂုဏ်ပကာသနလား
ပင်လယ်ကြီးလောက်
ကြီးကျယ်ချင်သလား
ကောင်ကင်ကြီးလောက်
ခမ်းနားချင်သလား

ခင်ဗျားတို့ကိုယ် ခင်ဗျားတို့
ပြိုင်မြင်းလုပ်နေသလား
ဘဂ္ဂဒတ်က အခုထကွဲဗုံးဟာ
ခင်ဗျားတို့လား

ကိုယ့်မျက်လုံးနဲ့ငိုတာ
အားမရသေးဘူးလား
စိတ်ကောင်းရှိဖို့ ပထမဆိုတာကို
နားလည်လား
အနိုင်ရလိုမှုမှာ ဂုဏ်မရှိဘူးဆိုတာ
သိသလား
အမဲရိုးကိုက်ပြီးအော်တာ
သိပ်ဝေးဝေးမရောက်ဖူးဆိုတာ
သိသလား

တိရစ္ဆာန်တွေတောင်မှ
ကိုယ့်စည်းနဲ့ကိုယ် နေကြတယ်ဆိုတာ
သိသလား
ခင်ဗျားတို့ကော
ကိုယ့်စည်းနဲ့ကိုယ် ရှိကြသလား ။ ။

မင်းခန့်သူ (ကျောက်ဆည်)

credit to ... poemscorner

No comments:

Post a Comment