Sunday, May 31, 2015

"အနှစ်နှစ်ဆယ်ကျော် လူငယ်"

"အနှစ်နှစ်ဆယ်ကျော် လူငယ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

@ သမိုင်းဆိုတာ မ "အ" အောင်သင်တာ
(ဒေါက်တာသန်းထွန်း)
ကျောင်းသားဘ၀ တစ်လျောက်လုံး
သင်ရိုးညွန်းတန်း သမိုင်းတွေသင်ရင်း
"အ" ခဲ့ကြတယ်။
.
@ သတင်းစာ တစ်ရက်မဖတ်ရင်
တစ်ရက် ခေတ်နောက်ကျတယ်လို့
ငယ်ငယ်က
စာစီစာကုံးရေးခဲ့ရင်းနဲ့
မြန်မာ့အလင်းနဲ့ ကြေးမုံ
နှစ်ခုပဲ ဖတ်ရင်း
အနှစ်နှစ်ဆယ်လောက်
ခေတ်နောက်ကျခဲ့ကြတယ်။

@ တက္ကသိုလ် .....
အရက်သောက်ပါ
ဖဲရိုက်ပါ
ရည်းစားထားပါ
ပျော်သလိုနေပါ
ဘွဲ့လက်မှတ်တစ်ခုတော့
အချိန်တန်ရင် ရမယ်။

တရားမျှတမှုတို့
ကျောင်းသားအခွင့်အရေးတို့
လွတ်လပ်ခွင့်တို့
မင်းခေါင်းကသာ မတွေးမိရင်ပေါ့ …
မင်းပါးစပ်က ထုတ်မပြောမိရင်ပေါ့။

@ *** ရေးခွင့် ရနေပြီ ဆိုပေမယ့်
    *** ပြောခွင့်ရနေပြီ ဆိုပေမယ့်
ကြောက်တတ်အောင် သင်ကြားခံခဲ့ရလို့
ငါတို့
ဆွံအမှုတွေကြားမှာ
အိပ်ပျော်နေကြဆဲ ..... ။ ။

(ကို ရေဦး)

credit to ... jyein

No comments:

Post a Comment