Tuesday, May 26, 2015

"ဝက္ကလိများ"


"ဝက္ကလိများ"
။။။။။။။။။။။။။။။

@ ဗုဒ္ဒ သက်ရှိထင်ရှားရှိစဉ်က
ဝက္ကလိ အမည်ရှိတဲ့ရဟန်းတစ်ပါး
ဗုဒ္ဒကို ကြည်ညိုလွန်း
အားကြီးတာကြောင့်
မျက်တောင်မခတ် ကြည်ညို
မျက်နှာတော်ကို မဖူးရရင်
ဘ၀င်ညိုစိတ်နွမ်းလို့
နေ့ညမပြတ် ဗုဒ္ဒ ရဲ့မျက်နှာတော်ကို
ဖူးလျှက် ရှိသတဲ့ ... ။

@ ဒီတော့ ဗုဒ္ဓက
“ချစ်သား …
ဒီ … အသုဘခန္ဓာကို
ကြည်ညိုသဒ္ဒါပွားရုံ နဲ့တော့
အားရလို့ကျေနပ်ရင်
မင်းအတွက် အကျိုးမရှိ
ငါဟောသည့်တရား
ဥာဏ်ပိုင်းခြားပြီး ကြိုးထုတ်
တရား အလုပ်ကိုဘဲလုပ်ပါလို့
ဒီလို ဆုံးမလာသတဲ့ ... ။

@ ဒါပေမယ့် ...
စစ်မှန်တဲ့ တရားကိုဘေးချိတ်
လောကီစိတ်နဲ့ ချစ်ခင်ထား
ဗုဒ္ဓဘုရားရဲ့ ဆုံးမစကားကို
မလိုက်နာလို့
နောက်ဆုံးတော့
အဲဒီ ရဟန်းကို
ကျောင်းတော်က နှင်ထုတ်သွား
ဥပေက္ခာ ထားလိုက်ရတာပေါ့ ... ။

@ သြော် .... ခုခောတ်မှာတော့
"ဟိုမှာ ဗုဒ္ဒ ရုပ်ပွားတော်မြတ်
အလွန်တန်ခိုး ထက်သဟေ့
လာဟေ့ သူငယ်ချင်း
လာဘ် လာဘ ပွင့်ပြီး
ဘေးကင်း ရန်စွယ်
မီးကွင်းတယ်ဆို ဘဲ
ရုတ်ရုတ်သဲသဲ ကိုးကွယ်ကြ ... ။

@ သြော် ... လွဲလိုက်တဲ့အယူဝါဒ
ဒုက္ခ ပါလားနော်
ဗုဒ္ဓသာ သက်ရှိထင်ရှားရှိရင်
သင်းတို့ရဲ့ အမှား
ဘယ်လိုများ ချေချွတ်
မကျွတ်လို့ကတော့
သာသနာ ရဲ့ပြင်ပ
နှင်ထုတ်ကြမလား မသိ
တွေးမိပြီး သံဝေဂရ

" သြော် ...
လောဘ ... လောဘ " ။ ။

(ကိုစိုးနိုင်)

credit to .... soenaingu

No comments:

Post a Comment