Thursday, July 17, 2014

"ဗိုလ်ချုပ် ပြောတဲ့ တပ်မတော်"


"ဗိုလ်ချုပ် ပြောတဲ့ တပ်မတော်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

*** “ဒီတပ်မတော်ဟာ လူတစ်ဦးတစ်ယောက်အတွက်
တည်ထောင်ထားတာ မဟုတ်။
တစ်နိုင်ငံလုံး တမျိုးသားလုံးအတွက်ဖြစ်တယ်။
ဒီတပ်မတော်ဟာ တစ်ဖွဲ့ တစ်ပါတီ လူတစ်စုအတွက်
တည်ထောင်ထား တာမဟုတ်။
တစ်နိုင်ငံလုံးတမျိုးသားလုံးအတွက် ဖြစ်တယ်။” ***

*** “ငါတို့ဟာ ငါတို့အမျိုး ငါတို့နိုင်ငံကို သစ္စာ စောင့်ရမယ်။
ဒါကြောင့် ငါတို့စောင့်တဲ့သစ္စာဟာ တကယ့်သစ္စာဖြစ်ရမယ်။
အပေါ်ယံသာဖြစ်တဲ့ သစ္စာမဖြစ် ရဘူး။ ဘယ်လိုစောင့်ရမလဲ။
ယခုအခါ ရဲဘော်တို့ပေါ်မှာ နည်းလမ်းအတိုင်း အဆင့်ဆင့်
ခန့်အပ်ထားတဲ့ အကြီးအမှုး အားလုံးတွေဟာ
ဒီနိုင်ငံ ဒီအမျိုးရဲ့ ကိုယ်စားတွေပဲ။
အဲဒီ ကိုယ်စား နိုင်ငံနဲ့ အကျိုးကို သစ္စာ စောင့်ခြင်းဟာ
ကိုယ့်နိုင်ငံနဲ့ ကိုယ့်အမျိုးကို သစ္စာစောင့်တာပဲ။
ဒီတော့ ရဲဘော်တို့ မေးစရာ စကားတစ်ခွန်း ရှိတယ်။
တကယ်လို့ ဒီအကြီး အမှုးတွေထဲက ဘယ်သူဖြစ်ဖြစ်
ကိုယ်ကျိုးငဲ့ပြီး နိုင်ငံနဲ့ အမျိုးကို သစ္စာမဲ့ပြီး လုပ်ရင်
ဘယ့်နှယ့်လုပ်မလဲ။
ဒီလို ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ နိုင်ငံကို ဆန့်ကျင်တဲ့
အကြီးအမှုးတွေ ဟာ ကြာကြာ မနေနိုင်ပါဘူး။
အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။
ရာဇဝင်မှာ ကြည့်လို့ရှိရင် ဘယ်လောက် ကြီးတဲ့လူ ဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာချည်းပဲ။” ***

*** “စစ်သားမဟုတ်ပေမယ့် နိုင်ငံအတွက်
အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်ကြတဲ့
လူတွေလည်း ရှိတာပဲ။
အဲဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့စိတ်ဓါတ်ကို
ပြောင်းကြရမယ်။
ငါတို့ ဟာ
လက်နက်ကိုင်တွေဖြစ်ကြသော်လည်း
မတရားမလုပ်၊ နိုင်ငံရဲ့ရန်သူတွေမဟုတ်၊
နိုင်ငံရဲ့မိတ်ဆွေတွေဖြစ်တယ်ဆိုတာကို
သဘောပေါက်ရမယ်“ ***

(ဗိုလ်ချုပ်အောင်ဆန်း)
၁၉၄၄ -ခု မတ်လ ၁၃ - မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်းဆင်းပွဲတွင်
ပြောကြားသော မိန့်ခွန်းမှ ......

credit to ..... paungdalemaungayeko

No comments:

Post a Comment