Monday, June 30, 2014

"အောက်လမ်းနိုင်ငံရေး မဖြစ်စေချင်"


"အောက်လမ်းနိုင်ငံရေး မဖြစ်စေချင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တပ်မတော်၊
အာဏာရပါတီတို့နဲ့ အတိုက်အခံ၊ တိုင်းရင်းသားတို့ အမြင်ချင်း
မတူကြတာက သဘာဝ ကျပေမယ့် အားလုံးက စေတနာမှန်ဖို့
ရိုးသားဖြောင့်မတ်ဖို့တော့ မဖြစ်မနေ လိုအပ်ပါတယ်။

ပြင်ဆင်ရေးကို အချိန်ယူဖို့ လိုတယ်ဆိုတာ ယေဘုယျအားဖြင့်
မှန်ကန်ပေမယ့် အတိုက်အခံနဲ့ လူထုကို အထင်အမြင်သေး
လို့ဖြစ်စေ၊ အာဏာနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ဖြစ်စေ
လိုအပ်တာထက် ပိုပြီး အချိန်ဆွဲမယ် ဆိုရင်တော့
ဒါဟာ အောက်လမ်း နိုင်ငံရေးအဖြစ် ရောက်ရှိသွားမှာပဲ ဖြစ်ပြီး
ဘယ်သူမှ ကောင်းကျိုး မဖြစ်ထွန်းနိုင်ပါဘူး။

*** လူထုဆန္ဒကို အပြည့်အဝလိုက် လျောပေးသေးတာ
မဟုတ်ပေမယ့် စိတ်ရှည် သည်းခံပေးတဲ့ လူထုကို ငဲ့ကွက်
ရပါလိမ့်မယ်။ တစ်ဖက်က လူထုရဲ့ နိုင်ငံရေး ယဉ်ကျေးမှုကို
မြှင့်တင်ပေးဖို့ ကြိုးစားရင်း တစ်ဖက်ကလည်း ဒီမိုကရေစီကို
တတ်နိုင်သလောက် မြန်မြန်ဆန်ဆန် တည်ဆောက်ပေးဖို့
လိုပါတယ်။

*** အချိန်ယူဖို့ လိုပေမယ့် အချိန်ဆွဲရင်တော့ အမျိုးသား
စည်းလုံးညီညွတ်ရေးကို ဘယ်လိုမှ တည်ဆောက်လို့ ရနိုင်မယ်
မဟုတ်ပါဘူး။ အဲဒီအခြေအနေကို ရောက်သွားရင် ဘယ်သူမှ
မလွတ်ပါဘူး။ အားလုံး ထိခိုက်နစ်နာမယ်ဆိုတာ သမိုင်းသင်
ခန်းစာတွေ ရှိနေပါပြီ။

*** အောက်လမ်း နိုင်ငံရေးသမားတွေ အောင်မြင်တယ်ဆိုတာ
ဘယ်ရာဇဝင်မှာမှ မရှိပါဘူး။ အောက်လမ်းနိုင်ငံရေးနဲ့ တိုးတက်
ဖွံ့ဖြိုးတဲ့ နိုင်ငံရယ်လို့လည်း ဘယ်သမိုင်းမှာမှ မရှိပါဘူး။အားလုံးက
မိမိဂုဏ်သိက္ခာ၊ မိမိအဖွဲ့အစည်းပါတီ ဂုဏ်သိက္ခာနဲ့ နိုင်ငံနဲ့ လူထုရဲ့
ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး အထက်တန်းကျတဲ့ နိုင်ငံရေးကို
လုပ်ကြပါ။ ရိုးသားဖြောင့်မတ်တဲ့ နည်းလမ်းများဖြင့်သာ
ဒီမိုကရေစီကို ဖြစ်ထွန်း အောင်မြင်အောင် တည်ဆောက်လို့
ရပါတယ်။

*** အောက်လမ်းနည်းနဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ 

ဘယ်တော့မှ မဖြစ်နိုင်သလို အောက်လမ်းနည်းနဲ့ 
ဘယ်တော့မှ ဒီမိုကရေစီ မရနိုင်ပါဘူး။

(ပိုက်တင်)

ဆောင်းပါးရှင် "ပိုက်တင်" ၏
"အောက်လမ်းနည်းနှင့် ဒီမိုကရေစီ " ဆောင်းပါးမှ
ကောက်နုတ်ချက်များ ....

credit to ...... thevoicemyanmar

No comments:

Post a Comment