" ခြင်္သေ့လို ဖြစ်ဖို့ "
။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။
“အကြောင်းတရားကို နားလည်ရင်
အကျိုးတရားက ပြေလည်သွားတယ်။
ဥပမာ ....
ဘာနဲ့တူသလဲဆိုတော့ လူတစ်ယောက်ကို ခွေးလိုက်ကိုက်နေရင်
အဲဒီ ခွေးကို ခဲသာပစ်ပေးလိုက် ခွေးကလူကို မကိုက်တော့ဘဲ
ခဲ နောက်ကိုလိုက်သွား လိမ့်မယ်။
နောက် … ခြင်္သေ့ကလိုက်လာလို့ ခြင်္သေ့ကို
ခဲပစ်ပေးလိုက်ရင် ခြင်္သေ့က ခဲကို သွားမကိုက်ဘူး။
အဲဒီခဲကိုဘယ်သူက ပစ်တာလဲဆိုပြီး ကြည့်တယ်။
ပြီးမှ အဲဒီလူကိုကိုက်မှာ။
အဲဒီလိုပဲ ပြဿ နာ တစ်ခု ဖြစ်ပြီဆိုရင် …
သူ့ရဲ့နောက်ကွယ် မှာ
driven force ခေါ်တဲ့အကြောင်း တရားတွေရှိတယ်။
အဲဒီတော့ ပြဿ နာ တစ်ခုကို ဖြေရှင်းတော့မယ်ဆိုရင်
ခဲကို ကိုက်တဲ့ခွေးလိုတော့မဖြစ်သင့်ဘူး။
ခဲ ဘယ်ကပစ်လိုက်သလဲ လိုက်ကြည့်တတ်တဲ့
ခြင်္သေ့လိုမှ ပြဿ နာကပြေလည် သွားမှာ။”
(သီတဂူဆရာတော်)
credit to .... The Hot News Weekly

No comments:
Post a Comment