"မှိုင်း …"
Try not to become a man of success, but rather try to become a man of value. ~Albert Einstein
Saturday, February 28, 2015
"ပန်းပန်လျက်သာ မဗေဒါ"
"ပန်းပန်လျက်သာ မဗေဒါ"
။။။။။။။။။။။။။။။။။။။။။။။။။။။။။
နှင်းဆီပန်း
စံပယ်ပန်း
ပိတောက်ပန်း
မေတ္တာပန်းတွေကို
လမ်းသွားရင်းလဲပန် ...
အိပ်နေရင်းလဲပန် ...
ဟောပြောရင်းလဲပန် ...
ဖြေကြားရင်းလဲပန် ...
ထောင်အ၀င်လဲပန် ...
ထောင်အထွက်လဲပန် ...
‘‘၀င်ပြန်လဲအခါခါ
ထွက်လာရ အပွဲပွဲ
ခုဗေဒါ တောင်ဝင်ထွက်
ပန်းပန်လျက်ပဲ’’ တဲ့ ..။
လူထုထဲက လူတွေက
သူတို့နှမ ... သူတို့ညီမကို
သူတို့သမီး ... သူတို့မြေးကို
ဘွဲ့ခြီးနွေးထွေး ... အမည်ပေးကြ
‘‘ဗေဒါမ’’ တဲ့ ...။
ပြည်သူ့မေတ္တာ ... ရွှေကြာပန်းကို
ရေနံ့သာဖြန်းတော့ ... ရွှင်လန်းကြည်လင်
စုကို မြင်မယ်။
စုကိုမြင်ရင် ... ပန်းကိုမြင်လို့
ပန်းလိုခင်မယ်...။
စုကိုမုန်းရင်တော့
ပန်းကိုမုန်းမှာပေါ့ ...။
*** ‘‘ယမ်း’’ကြိုက်သူကလဲ၊
‘‘ပန်း’’ မကြိုက်တတ်ဘူး ...။
‘‘ယမ်းနံ့’’ ရှုသူဟာ ...
‘‘ပန်းနံ့’’ မကြူနိုင်ဘူး ...။
‘‘ယမ်းနံ့’’ နဲ့မွှေးသူက ...
‘‘ပန်းရနံ့’’ မမွှေးနိုင်ဘူး ...။
ယမ်းပန်းစိုက်သူလဲ ...
ပန်းမျိုးမစိုက်နိုင်ဘူး ...
ဒီလိုနဲ့ .... ‘‘ပန်းကြိုက်သူ’’ နဲ့
‘‘ပန်းကြောက်သူ’’ ရယ်လို့
လူနှစ်မျိုးကွဲပါလေရောတဲ့ ... ။" ***
(မောင်စွမ်းရည်)
credit to ... Satesayyar
။။။။။။။။။။။။။။။။။။။။။။။။။။။။။
နှင်းဆီပန်း
စံပယ်ပန်း
ပိတောက်ပန်း
မေတ္တာပန်းတွေကို
လမ်းသွားရင်းလဲပန် ...
အိပ်နေရင်းလဲပန် ...
ဟောပြောရင်းလဲပန် ...
ဖြေကြားရင်းလဲပန် ...
ထောင်အ၀င်လဲပန် ...
ထောင်အထွက်လဲပန် ...
‘‘၀င်ပြန်လဲအခါခါ
ထွက်လာရ အပွဲပွဲ
ခုဗေဒါ တောင်ဝင်ထွက်
ပန်းပန်လျက်ပဲ’’ တဲ့ ..။
လူထုထဲက လူတွေက
သူတို့နှမ ... သူတို့ညီမကို
သူတို့သမီး ... သူတို့မြေးကို
ဘွဲ့ခြီးနွေးထွေး ... အမည်ပေးကြ
‘‘ဗေဒါမ’’ တဲ့ ...။
ပြည်သူ့မေတ္တာ ... ရွှေကြာပန်းကို
ရေနံ့သာဖြန်းတော့ ... ရွှင်လန်းကြည်လင်
စုကို မြင်မယ်။
စုကိုမြင်ရင် ... ပန်းကိုမြင်လို့
ပန်းလိုခင်မယ်...။
စုကိုမုန်းရင်တော့
ပန်းကိုမုန်းမှာပေါ့ ...။
*** ‘‘ယမ်း’’ကြိုက်သူကလဲ၊
‘‘ပန်း’’ မကြိုက်တတ်ဘူး ...။
‘‘ယမ်းနံ့’’ ရှုသူဟာ ...
‘‘ပန်းနံ့’’ မကြူနိုင်ဘူး ...။
‘‘ယမ်းနံ့’’ နဲ့မွှေးသူက ...
‘‘ပန်းရနံ့’’ မမွှေးနိုင်ဘူး ...။
ယမ်းပန်းစိုက်သူလဲ ...
ပန်းမျိုးမစိုက်နိုင်ဘူး ...
ဒီလိုနဲ့ .... ‘‘ပန်းကြိုက်သူ’’ နဲ့
‘‘ပန်းကြောက်သူ’’ ရယ်လို့
လူနှစ်မျိုးကွဲပါလေရောတဲ့ ... ။" ***
(မောင်စွမ်းရည်)
credit to ... Satesayyar
Friday, February 27, 2015
"မမေ့ကြဖို့ အရေးကြီးတယ်"
"မမေ့ကြဖို့ အရေးကြီးတယ်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ပညာရေး မခိုင်မာဘဲနဲ့ မျိုးဆက်သစ် မခိုင်မာနိုင်ဘူး။
မျိုးဆက်သစ်ကို အလေးမပြုရင်
အနာဂတ်ကို သစ္စာ ဖောက်တာပဲ။
မင်းတို့ သမိုင်းကို ပြန်ကြည့်ပါ။
စစ်အာဏာရှင် ဟူ သမျှဟာ သူ့နောက်လိုက်တွေကို
ပညာမတတ်စေချင်ဘူး။
မစဉ်းစား စေချင်ဘူး။
ဒီစာကို ရေးနေရင်း ငါ ငယ်ငယ်က သင်ခဲ့၊ ဖတ်ခဲ့ရဖူးတဲ့
"ဆာအာသာကွန်နင်ဒွါ" ရဲ့ "ဘရီဂေ ရီးဟာဂျရတ်" ဝတ္ထုတွေကို
သွားသ တိရမိ တယ်။
အတိုချုပ်ပြောရရင်တော့ နပိုလီယံက
တစ်ခါမှာ လျှို့ဝှက်ကိစ္စတစ်ခုအတွက် သူ့ဘေးမှာ သက်တော်စောင့်ဖို့
ဓားသ မား ကောင်းကောင်း တစ်ယောက်ကို လိုချင်တယ်။
ဒါနဲ့ ဂျရတ်ကို စစ်ဗိုလ် ကြီးတွေက နပိုလီယံဆီ ပို့ပေး လိုက်တယ်။
နပိုလီယံ က ဂျရတ်ကို သူလုပ်မယ့် ကိုင်မယ့် အစီအစဉ်ကို ပြောပြတယ်။
ဂျရတ် သတိထားပြီး စောင့်ရှောက်ကာကွယ်ရမယ့်
အ ခြေအနေ ကိုလည်း ပြောပြတယ်။
ဂျရတ်က သူ့ဧရာဇ်အတွက် အလွန်စိုးရိမ်ပူပန်တယ်။
ဒါကြောင့် စိတ်ပူပြီး
''ဒါပေမယ့် ကျွန်တော်မျိုး စဉ်းစား မိတာတစ်ခုက'' လို့
စကား စရုံ ရှိလိုက်သေးတယ်။
နပိုလီယံက ဒေါသတကြီးနဲ့
''ဘာကွ၊ စဉ်းစား တယ်ဟုတ်လား။
စဉ်းစားတာ ငါ့ ကိစ္စ။
ငါ မင်းဦးနှောက်ကို လိုချင်တာ မဟုတ်ဘူး၊ ဓားကို လိုချင်တာ။
ဒါပဲ။"
အဲဒီစကားလေးကို ငါ ခုထက်ထိ စွဲနေတယ်။
အာဏာရှင် ဆိုတာဟာ ပညာတတ်တွေများလာတာကို
ဘယ်တော့မှ ကြိုက်လေ့မရှိဘူး။
ငါတို့ တိုင်းပြည်မှာလည်း အဲဒီလိုအဖြစ်မျိုး ရောက်ခဲ့ဖူးတယ်ဆိုတာ
မင်းတို့ လူငယ်တွေ မမေ့ကြဖို့ အရေးကြီးတယ်။
(အောင်သင်း)
ဆောင်းပါးရှင် ဆရာ "အောင်သင်း" ၏
"မျိုးဆက်သစ် တိုးတက်ရစ်ဖို့ ၀မ်းသာလွန်လွန်းလို့" ဆောင်းပါးမှ
credit to .... Zaygwet Journal

Thursday, February 26, 2015
"တရားမမျှတမှု၏ နိဂုံး"
"တရားမမျှတမှု၏ နိဂုံး"
။။။။။။။။။။။။။။။။။။။။။။။။။
“တရားမမျှတမှုသည်
ဥပဒေအဖြစ် ဖြစ်လာသောအခါ
ခုခံတော်လှန်မှု ပြုလုပ်ရန်မှာ
တာဝန်တရပ် ဖြစ်လာပေသည်။”
“When Injustice Becomes Law,
Resistance Becomes A Duty.”
(Thomas Jefferson)
an American Founding Father
and the third President of the United States
credit to .... goodreads
refer to ..... khinmamamyo

Wednesday, February 25, 2015
"တရားအတု မပေါ်သေးသမျှ ..."
"တရားအတု မပေါ်သေးသမျှ ..."
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လောက၌ တရားတု၊ တရားယောင်၊ တရားလက်သစ်
မပေါ်သေးသမျှ
သူတော်ကောင်းတို့၏ တရားစစ် တည်းဟူသော
သာသနာတော်သည်မကွယ်ပျောက်နိုင်ပေ။
၎င်းတို့ပေါ်ပေါက်လာသောအခါကျမှသာလျှင်
သူတော်ကောင်းတို့၏ တရားစစ်တည်းဟူသော
သာသနာတော်သည် ကွယ်ပျောက် လေတော့၏။
ရုပ်ဝတ္ထုစသော ဓာတ်ကြီးလေးပါးတို့သည်ကား
သာသနာတော်ကို မကွယ် ပျောက်စေနိုင်။
သာသနာတွင်းမှ ပုဂ္ဂိုလ်များသည်သာလျှင်
သာသနာတော်ကို ကွယ်ပျောက် စေနိုင်သည်။
(နိဒါန ၀ဂ္ဂသံယုတ်၊ သဒ္ဓမ္မရူပကသုတ်)
credit to .... Blog Reader
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လောက၌ တရားတု၊ တရားယောင်၊ တရားလက်သစ်
မပေါ်သေးသမျှ
သူတော်ကောင်းတို့၏ တရားစစ် တည်းဟူသော
သာသနာတော်သည်မကွယ်ပျောက်နိုင်ပေ။
၎င်းတို့ပေါ်ပေါက်လာသောအခါကျမှသာလျှင်
သူတော်ကောင်းတို့၏ တရားစစ်တည်းဟူသော
သာသနာတော်သည် ကွယ်ပျောက် လေတော့၏။
ရုပ်ဝတ္ထုစသော ဓာတ်ကြီးလေးပါးတို့သည်ကား
သာသနာတော်ကို မကွယ် ပျောက်စေနိုင်။
သာသနာတွင်းမှ ပုဂ္ဂိုလ်များသည်သာလျှင်
သာသနာတော်ကို ကွယ်ပျောက် စေနိုင်သည်။
(နိဒါန ၀ဂ္ဂသံယုတ်၊ သဒ္ဓမ္မရူပကသုတ်)
credit to .... Blog Reader
Tuesday, February 24, 2015
"တာယာ အဟောင်းနှစ်လုံး"
"တာယာ အဟောင်းနှစ်လုံး"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တလောက
ဂိုဒေါင်ရှင်းရင်းနဲ့ကားတာယာ အဟောင်းနှစ်လုံးထွက်လာတယ်။
တာယာတွေက ခပ်လတ်လတ်ရယ်။
သုံးမယ်ဆိုသုံးလို့ရသေးတယ်။
ဒါနဲ့ အသုံးတည့်မယ့်သူရှိရင် ယူသွားလို့ရအောင်
“အမှိုက်”လို့ ရေးပြီး
ခြံပေါက်ဝအပြင်ဘက်မှာ ချထားလိုက်တယ်။
တစ်လသာကျော်သွားတယ်။
ယူမယ့်သူ မရှိဘူး။
စိတ်ပေါက်ပေါက်နဲ့ တာယာနှစ်လုံးပေါ်
“ရောင်းမည်။ တစ်လုံး ၂၀၀ ကျပ်”လို့ ပြင်ရေးပြီး
ပြန်ချထားလိုက်တယ်။
ဘာပြောကောင်းမလဲ။
နောက်တစ်နေ့မနက် တာယာတွေ မရှိတော့ဘူး။
ခိုးခံလိုက်ရတာ .... :-)
(ရေးသားသူ အမည် ဖော်ပြမထားပါ။)
credit to .... loveirrawaddy
PS ....
ဘယ်အရာမဆို
တန်ဖိုးရှိအောင်လုပ်ကြမှ
တန်ဖိုးထားတတ် ကြမှာပါ။
(mhp)

Monday, February 23, 2015
"ပန်းတိုင်ရှိရာ"
"ပန်းတိုင်ရှိရာ"
။။။။။။။။။။။။။။။။။
@ ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။
@ ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ။
@ ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။
@ လေးဖက်တွားရင်း ကျေနပ်
ထပြီးမရပ်ဘဲနေမယ့် အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။
မောင်စိန်ဝင်း(ပုတီးကုန်း)
credit to ... အိုအေစစ်
။။။။။။။။။။။။။။။။။
@ ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေစနိုင်ဖို့အတွက်ပါပဲ။
@ ရပ်နိုင်တော့မှ
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြီးလှမ်းရမှာ။
@ ကြောက်စိတ်မ၀င်နဲ့ကလေး
ပထမခြေလှမ်းမှယိုင်လဲ
ဒူးပြဲချင်ပြဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေစမယ်။
@ လေးဖက်တွားရင်း ကျေနပ်
ထပြီးမရပ်ဘဲနေမယ့် အစား
ရပ်စမ်းလဲစမ်း
ရဲရဲလှမ်း ကလေး…
(ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။
မောင်စိန်ဝင်း(ပုတီးကုန်း)
credit to ... အိုအေစစ်
Sunday, February 22, 2015
"ကတ်ကြေးနဲ့ ချုပ်အပ်လေး"
"ကတ်ကြေးနဲ့ ချုပ်အပ်လေး"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တခါက...
အိမ်တကာလှည့်ပြီး လက်ခစားအဝတ်ချုပ်တဲ့အလုပ်ကို လုပ်တဲ့
အဝတ်ချုပ်သမား တစ်ယောက် ရှိတယ်။
တနေ့တော့ သူဟာ သူဌေးကြီးတစ်ဦးရဲ့အိမ်မှာ ဝတ်စုံတစ်စုံချုပ်ပေးဖို့
အလုပ်အပ်နှံခြင်း ခံရသတဲ့။
ဒါနဲ့... သူဌေးကြီးထံကနေ သူချုပ်ပေးရမယ့်အဝတ်စကို တောင်းယူပြီးတဲ့ အခါ၊ ပြောင်လက်တောက်ပပြီး တန်ဖိုးကြီးပေးရတဲ့ ကတ်ကြေးတစ်လက်နဲ့
အဝတ်စကို လိုအပ်သလို ကိုက်ဖြတ်လိုက်တယ်။ ပြီးတာနဲ့ အဲဒီကတ်ကြေးကို သူခြေထောက်နားမှာ ချထားလိုက်တယ်တဲ့။
အဲဒီနောက်တော့... ... အပ်သေးသေးလေးနဲ့ အပ်ချည်ကြိုးအချို့ကို ထုတ်လိုက်ပြီး၊
ခုနက အပိုင်းပိုင်းဖြတ်ထားတဲ့ အဝတ်စတွေကို စတင်ချုပ်လုပ်တော့သတဲ့။
အချိန်အတော်ကြာလို့ လှပသေသပ်တဲ့ ဝတ်စုံကို ချုပ်လုပ်ပြီးတဲ့အခါမှာတော့ ...
သူဟာ... အဝတ်ချုပ်တဲ့အပ်လေးကို သူ့ခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ်မှာ တရိုတသေနဲ့ ပြန်ပြီးထိုးထားလိုက်လေတယ်။
ဒီတော့... သူ့ရဲ့လုပ်ပုံကိုင်ပုံကို အစအဆုံး စောင့်ကြည့်နေတဲ့ သူဌေးကြီးက
မနေနိုင်တော့ပဲ သူ့ကိုမေးတယ် ...
"မိတ်ဆွေ... တန်ဖိုးကြီးပြီး တောက်ပြောင်လှပတဲ့ ကတ်ကြေးကိုတော့
သင့်ခြေထောက်ရင်းမှာ ထားပြီး၊
ဘာမဟုတ်တဲ့ တန်ဖိုးနည်းအပ်လေးကိုတော့ ဘာဖြစ်လို့ သင့်ဦးခေါင်းထက်မှာ
တရိုတသေ သိမ်းဆည်းရတာပါလဲ"
စက်ချုပ်သမားက သူဌေးကြီးကို ပြုံးပြလိုက်ပြီး ရှင်းပြတယ် ...
"အရှင်သူဌေးမင်း... ... ကတ်ကြေးဟာ တောက်ပြောင်လှပပြီး
တန်ဖိုးကြီးပေးရတာ မှန်ပါတယ်၊ ဒါပေမယ့် သူက အဝတ်စတွေကို အပိုင်းပိုင်း
ကိုက်ဖြတ်တာပဲ လုပ်တယ်၊
အပ်ကလေးကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါ၊ သူက အမြင်မလှမပနဲ့
တန်ဖိုးလည်းနည်းပေမယ့် အပိုင်းပိုင်းဖြစ်နေတဲ့
အဝတ်စတွေကို ပေါင်းစီးပေးနိုင်ပြီး သေသပ်လှပတဲ့ ဝတ်စုံတစ်စုံအဖြစ်
ဖန်တီးပေးနိုင်တယ်၊
ကျနော့်အတွက်တော့ အပ်ကလေးဟာ ကတ်ကြေးထက်ပိုပြီး
အလေးအမြတ်ထားရမယ့် ပစ္စည်းတစ်ခု ဖြစ်ပါတယ် သူဌေးမင်း"
ပြီးတော့ အပ်ချုပ်သမားက ဆက်ပြောတယ် ...
"ပစ္စည်းတွေရဲ့ တန်ဖိုးကို သတ်မှတ်တဲ့အခါ သူ့ကိုပေးချေရတဲ့ ငွေကြေးနဲ့
မပိုင်းဖြတ်ပါဘူး၊ အဲဒီပစ္စည်းဟာ လောကကြီးအတွက်၊ ဘယ်လောက်တောင် အသုံးဝင်သလဲဆိုတဲ့အပေါ် မူတည်ပြီး သတ်မှတ်ရပါတယ်"... တဲ့။
*******************************
လောကအလယ် ရုန်းကန်လှုပ်ရှားရင်း ဘဝတွေကို ဖြတ်သန်းကြတဲ့အခါ လူနှစ်မျိုးနှစ်စားတွေ့နိုင်တာပေါ့ကွယ်။
ကတ်ကြေးလို လူမျိုး နဲ့ ချုပ်အပ်လေးလို လူမျိုး
စည်းလုံးညီညွတ်မှုတွေကို ဖြိုခွဲဖျက်စီးနိုင်တဲ့၊
အရာရာကို ကိုက်ဖြတ်ပိုင်းစုတ်နိုင်တဲ့ ကတ်ကြေးလို
လူမျိုးတွေကို သတိထားရှောင်းရှားကြရမယ် ...
လောကလူ့ရွာအတွက် ကောင်ကျိုးပြုပြီး
စည်းလုံးညီညွတ်မှုကို ဆောင်ရွက်နိုင်စွမ်းတဲ့ ချုပ်အပ်လေးလို လူမျိုးကို
ပေါင်းသင်းဆက်ဆံ တန်ဖိုးထားရမယ် .... ။
(Thanlay Ko)
credit to .... လူဗိုလ်ဟူသည်

Saturday, February 21, 2015
"ငါ"
"ငါ"
။။။။
“လူအတော်များများက
အခြားသူများ မည်သို့ ပြောင်းလဲသင့်သည်ကို
သိကြသော်လည်း
။။။။
“လူအတော်များများက
အခြားသူများ မည်သို့ ပြောင်းလဲသင့်သည်ကို
သိကြသော်လည်း
လူအနည်းငယ်ကသာ
သူတို့ …. မည်သို့ ပြောင်းလဲသင့်ကြောင်း
သိကြပေသည်။”
(လီယိုတော် စတွိုင်း)
"Many people have ideas
on how others should change;
few people have ideas
on how they should change."
(Leo Tolstoy)
credit to .... Goodreads &
Star's Trace
သူတို့ …. မည်သို့ ပြောင်းလဲသင့်ကြောင်း
သိကြပေသည်။”
(လီယိုတော် စတွိုင်း)
"Many people have ideas
on how others should change;
few people have ideas
on how they should change."
(Leo Tolstoy)
credit to .... Goodreads &
Star's Trace
Friday, February 20, 2015
"တန်ဘိုးနှင့် အဓိပ္ပါယ်"
"တန်ဘိုးနှင့် အဓိပ္ပါယ်"
။။။။။။။။။။။။။။။။။။။။။။။။။။
@ အကောင်းဆုံး သံမဏိနဲ့ ပြုလုပ်ထားတဲ့
အိမ်ဦးခန်းက တန်ဖိုးကြီးကြီး ဓားတစ်ချောင်းဟာ
လူတွေကြည့်ခံရဖို့ပဲ အသုံးတည့်တယ် ...
သူ့မှာ ဓားနဲ့ ထိုက်တန်တဲ့ အရည်အချင်းတွေ
အားလုံး တုံးကုန်တယ်...။
သာမာန် ဈေးနည်းတဲ့ သံနဲ့ ပြုလုပ်ထားတဲ့ မီးဖိုချောင်က
ဟင်းရွက်လှီးတဲ့ ဓားကတော့ တန်ဖိုးနည်းပေမယ့်
ဓားတစ်ချောင်းရဲ့ အရည်အချင်းကို
အပြည့်အ၀ အသုံးချခွင့်ရတယ်...
ပါးပါးလေး ကျန်တဲ့ အထိ သူ့တာဝန်ကို
အပြည့်အ၀ထမ်းဆောင်သွားတယ်...။
"ဘယ်ဓားက ပိုထက်သလဲ...?"
@ တစ်ချို့က ပညာတွေ အများကြီးတတ်တယ်၊
ဘွဲ့တွေ အများကြီး ရတယ်...
ဒါပေမယ့် ဘာမှ လောကကောင်းကျိုးပြု အလုပ်မလုပ်ဘူး...
ကြာတော့ သူ့အရည်အချင်းတွေဟာ လူပုံအလယ်မှာ
ချီးမွမ်းခံရဖို့က လွဲပြီး တုံးကုန်တယ်...။
တစ်ချို့က ဘွဲ့တွေ သိပ်မရဘူး (သို့မဟုတ်) လုံးဝ မရဘူး၊
ဒါပေမယ့် ဘ၀ကို အကောင်းဆုံး အသုံးချပြီးတော့
လောကကောင်းကျိုးပြု လုပ်ငန်းတွေနဲ့
သူရဲ့ အချိန်ကို ကုန်လွန်စေတယ်... သေတဲ့ အထိပဲ...။
"ဘယ်လိုလူက ပိုတန်ဘိုးရှိသလဲ...?"
အရှင်တေဇာနန္ဒ
(စေတနာပန်းခင်း ဆရာတော်)
credit to .... ရွှေဘုန်း via မြတ်ဗုဒ္ဓ ၏ ဓမ္မ စာစုများ

Monday, February 16, 2015
"နာမည်"
"နာမည်"
။။။။။။။။။။
ကျနော့်သားက မေးတယ်။
"ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ" တဲ့။
မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။
ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့ ။
အေး-မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့
... ... ... ...
... ... ... ... ။
အဲ့ဒီလို အဲ့ဒီလို
ကြယ်တလုံးချင်းစီရဲ့ နာမည်
ကျနော်ပြောပြ။
ဖေဖေ…ဒါဆိုရင်
ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ ကြယ်လည်း
ရှိမှာပေါ့နော်။
ကျနော် သားကိုပြုံးကြည့်ရင်း
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြယ်ကို
ရှာတွေ့ သွားတယ်။
သားက ဖအေထက်
ပိုပြီးတော်ရမယ် မဟုတ်လား။
ကျနော်က သားကိုထမ်းလို့ 
ကျနော့်ကို
မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း
စီးတုန်းပါ။
ဖအေ နဲ့ သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း
စီးဆင်းနေတုန်းပေါ့။ ။
(အောင်ဝေး)
credit to .... poemscorner
။။။။။။။။။။
ကျနော့်သားက မေးတယ်။
"ကြယ်တွေမှာ
နာမည်ရှိသလားဖေဖေ" တဲ့။
မြစ်ကမ်းနဖူးမှာ
ထိုင်တဲ့ည
သားက
ကောင်းကင်ကိုငုံ့ ကြည့်နေတယ်။
ကျနော်က
ကြယ်တွေတလက်လက်ထ
ရေစီးထဲငေးလို့ ။
အေး-မတော်တဲ့ကြယ်တွေမှာ
နာမည်မရှိဘူး
တော်တဲ့ကြယ်တွေကျတော့
... ... ... ...
... ... ... ... ။
အဲ့ဒီလို အဲ့ဒီလို
ကြယ်တလုံးချင်းစီရဲ့ နာမည်
ကျနော်ပြောပြ။
ဖေဖေ…ဒါဆိုရင်
ကမ္ဘာပေါ်မှာ
သားနာမည်နဲ့ ကြယ်လည်း
ရှိမှာပေါ့နော်။
ကျနော် သားကိုပြုံးကြည့်ရင်း
ခေါင်းညိတ်ပြတော့
သားကပျော်သွားပြီး
ကျနော့် မျက်လုံးထဲမှာ
သူ့ နာမည်နဲ့ ကြယ်ကို
ရှာတွေ့ သွားတယ်။
သားက ဖအေထက်
ပိုပြီးတော်ရမယ် မဟုတ်လား။
ကျနော်က သားကိုထမ်းလို့ 
ကျနော့်ကို
မြစ်ကမ်းပါးကထမ်းလို့ 
အိမ်ပြန်လာတဲ့လမ်းမှာ
ခေတ်ကလည်း
စီးတုန်းပါ။
ဖအေ နဲ့ သား
လွမ်းမိတဲ့ တရားမှာ
နာမည်တွေလည်း
စီးဆင်းနေတုန်းပေါ့။ ။
(အောင်ဝေး)
credit to .... poemscorner
Sunday, February 15, 2015
"သက်ဆိုင်သူသို့ ..."
"သက်ဆိုင်သူသို့ ..."
။။။။။။။။။။။။။။။။။။။။။။။။
@ ပလေတိုကပြောတယ် ...
တကယ်လို့ မပျော်ရွှင်၊ စိတ်မချမ်းသာရင်
လက်လွှတ်လိုက်ပါ၊
သူ့ကိုသွားခွင့်ပြုလိုက်ပါတဲ့
တကယ်လို့ လက်မလွှတ်ချင်၊ မစွန့်လွှတ်ချင်ရင်
သူ့ကို သည်းခံနားလည်လိုက်ပါတဲ့။
@ ပလေတိုကပြောတယ် ...
ချစ်ပြီဆို လေးလေးနက်နက်ချစ်ပါ၊
စွန့်ပြီဆို လုံးလုံးလျားလျားစွန့်ပါ၊
ချစ်သလို မုန်းသလို
မရေမရာ မပြတ်မသားမလုပ်ပါနဲ့တဲ့
ဒါဟာ သူ့ကို ထိခိုက်နာကျင်စေသလို
ကိုယ့်ကိုယ်လည်း ထိခိုက်နာကျင်စေပါသတဲ့။
@ ပလေတိုကပြောတယ် ...
လူ့ဘဝမှာ အကြေကွဲဆုံးက
လက်မလွှတ်သင့်တာကို
အလွယ်တကူလက်လွှတ်လိုက်ပြီး
လက်လွှတ်သင့်တာကို
ဇွဲရှိရှိနဲ့တောင့်ခံထားတာပဲဖြစ်တယ်တဲ့။
@ ပလေတိုကပြောတယ် ...
ဆုံးရှုံးမှုတချို့က
ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုတင်စီရင်ချက်ချပြီးသား၊
တချို့ရှေးရေစက်က ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး၊
လူတစ်ယောက်ကိုချစ်တိုင်း
ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်ရတယ်။
တကယ်လို့ လူတစ်ယောက်ကို ပိုင်ဆိုင်ပြီးရင်တော့ သူ့ကို ကောင်းကောင်းတန်ဖိုးထားမြတ်နိုးပါတဲ့။
credit to .... wailwanthu
PS ....
အချစ်နဲ့ မကင်းနိုင်တဲ့ သူငယ်ချင်း အားလုံး
အချစ်ကြောင့် စိတ်ချမ်းမြေ့စရာတွေ
ရရှိခံစားနိုင်ကြပါစေ။
Happy Valentine’s Day ပါနော်။

Saturday, February 14, 2015
"မြင့်မြတ်သော မဟာနှလုံးသား ပိုင်ရှင်"
"မြင့်မြတ်သော မဟာနှလုံးသား ပိုင်ရှင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(ဗိုလ်ချုပ်၏ အောက်ပါအကြောင်းရင်းမြစ်ကို ဗိုလ်မင်းခေါင် (ရွှေတူ)က
မှတ်တမ်းတင်ခဲ့သည်။ ဗိုလ်မင်းခေါင်ဆိုသည်မှာ ရဲဘော်သုံးကျိပ်ဝင်ထဲမှ
သခင်စောလွင်ဖြစ်ရာ ဗိုလ်ချုပ်နှင့် နဖူးတိုက်ဒူးတိုက် နေခဲ့သူ
အတွင်းသိ အစင်းသိ တစ်ဦးလည်းဖြစ်သည်။ ဗိုလ်မင်းခေါင်၏
ထိုမှတ်တမ်းကို တွေ့လိုက်ရသည့် အခါတွင်မူ
"ဒါပဲကွ ငါတို့ဗိုလ်ချုပ်" အော်မိမတတ် ၀မ်းသာလုံး ဆို့သွားရပါသည်။)
************************************
ဟိုင်နန်းကျွန်း၌ ရဲဘော်သုံးကျိပ်တို့ စစ်ပညာသင်တန်းတက်နေစဉ်
၁၉၄၁ ခုနှစ်က ဖြစ်သည်။ တစ်နေ့တွင် သင်တန်းပြီး၍ နားနားနေနေ
ဝိုင်းဖွဲ့ပြီး စကားပြောနေကြစဉ် ဗိုလ်ချုပ်ရောက်လာပြီး
စကားပြောကြရင်း
"လွတ်လပ်ရေး ရပြီးရင် မင်းတို့ တိုင်းပြည်အတွက် ဘာလုပ်ကြမလဲ"
ဟု ဗိုလ်ချုပ်က မေးသည်။
အချို့က စစ်တပ်တွင်၊ အချို့က နိုင်ငံရေး၊ အချို့က အုပ်ချုပ်ရေးပိုင်း
စသည်တို့တွင် လုပ်ကြမည်ဟု ဖြေကြသည်။ ထို့နောက်
ဗိုလ်မင်းခေါင်က
"ကိုကြီးရော ဘာလုပ်မှာလဲ" ဟု ပြန်မေးလိုက်သည်။
ထိုအခါ ဗိုလ်ချုပ်က
"စာတွေရေး၊ ခြံယာစိုက်ပျိုးပြီး အေးအေးဆေးဆေးပဲ နေမည်"
ဟု အဖြေပြန်ပေးသည်။
ဗိုလ်ချုပ်၏ ထိုအဖြေကို လက်မခံနိုင်ဟန်ဖြင့်
ဗိုလ်လရောင် (သခင်ဘဂျမ်း)က
"တိုင်းပြည်ထူထောင်ရေးအတွက် လုပ်စရာတွေ အများကြီး
ကျန်သေးတာပဲ" ဟု စကားထောက်လိုက်သည်။
ထိုအခါ ဗိုလ်ချုပ်က
"ဒါတော့ မှန်တယ်။ လွတ်လပ်ရေးကြိုးပမ်းပြီးရင်
ကိုယ်ရမယ့် အခွင့်ထူး အခွင့်အရေး၊ ခံစားနိုင်တဲ့ ကိုယ်ကျိုးများကို
စွန့်နိုင်တဲ့ စိတ်ဓာတ်ကိုလည်း ခေတ်လူငယ်များအတွက်
သင်ခန်းစာအဖြစ် ကျွန်တော် ပေးခဲ့ချင်တယ်။
ဒါ့ကြောင့်
လွတ်လပ်ရေးရပြီးရင် ကျွန်တော် အနားယူမယ်လို့
ယတိပြတ် ဆုံးဖြတ်ထားတယ်"
ထိုစကားပြောချိန်တွင် ဗိုလ်ချုပ်သည် ၂၆ နှစ်အရွယ် လူငယ်တစ်ယောက်
အဖြစ်သာ ရှိနေပါသေးသည်။ မတရားနည်းဖြင့် ရပိုင်ခွင့်ကိုပင် မဆိုထားဘိ၊ တရားနည်းလမ်းကျဖြစ်သော ကိုယ်၏ ရပိုင်ခွင့်နှင့် ခံစားခွင့်ကိုပင်
စွန့်လွှတ်ရဲသော သတ္တိများနှင့် စိတ်ဓာတ်အမွေကို ခေတ်လူငယ်များ
ရစေချင်၍ လွတ်လပ်ရေးရပြီးလျှင် နိုင်ငံရေးမှ အနားယူပြမည်ဆိုသည့်
ဗိုလ်ချုပ်၏ စံပြသတ္တိကို ကြားလိုက်ရပြီးသည့်နောက်တွင် မည်သူမျှ စောဒက
တက်ခြင်း မပြုနိုင်ကြတော့ပေ။
********************************
ဂျပန်ခေတ်ပြီးနောက် ဘုရင်ခံကောင်စီတွင် ဒုတိယ သဘာပတိအဖြစ်
ဗိုလ်ချုပ်ထမ်းဆောင်နေစဉ် တစ်နေ့တွင် ထိုကိစ္စ ထပ်မံပေါ်ခဲ့ပြန်သည်။
ဗိုလ်မင်းခေါင်သည် ဗိုလ်ချုပ်၏အိမ်၌ ထမင်းအတူစားရင်း
"လွတ်လပ်ရေးရပြီးရင် ကိုကြီး နိုင်ငံရေး ဆက်လုပ်မလား" ဟု မေးသည်။
ဗိုလ်ချုပ်သည် ဗိုလ်မင်းခေါင်အား စိမ်းစိမ်းဝါးဝါးနှင့်
အတန်ကြာကြည့်ပြီးမှ
"ဘာလဲ . . . မင်းက အခု တို့အဖွဲ့ဟာ အာဏာတွေ၊ တန်းခိုးတွေ ပြည့်စုံတဲ့
အခြေအနေမှာ ငါ ရာထူးရာခံတွေ လက်ခံပြီး နိုင်ငံရေး ဆက်လုပ်မယ်လို့ မင်းယူဆသလား။ ဝေးပါသေးတယ်ကွာ။ မင်းလည်း သိပြီးသားပါ။ ငါ စာရေးမယ်။ ခြံစိုက်မယ်။ နိုင်ငံရေးက အနားယူမယ်။
တိုင်းပြည်ထူထောင်မှုကို ကျန်တဲ့လူတွေ ဆက်လုပ်ကြပေါ့။
ငါပြမယ့် စံနမူနာတော့ ငါ ယတိပြတ်ပဲ။ ဘာဖြစ်လို့ ထပ်မေးရတာလဲ"
"ကိုကြီး ပြောခဲ့တာတွေ မယုံလို့ မဟုတ်ပါဘူး။ အခုအချိန်မှာ တစ်ပြည်လုံးက ဗိုလ်ချုပ်မှဗိုလ်ချုပ် ဖြစ်နေတုန်း ကိုကြီးက သစ်စိမ်းချိုး ချိုးသွားရင် လူထု
စိတ်ဓာတ်တွေ ကျကုန်မှာ စိုးလို့ပါ"
ထိုအခါ ဗိုလ်ချုပ်က
"သူရဲကောင်းကိုးကွယ်တဲ့ ၀ါဒမျိုးရှိလို့ ဘယ်ကောင်းမလဲ။
ငါရှိမှ တိုင်းပြည်တည်ဆောက်မှု လုပ်ငန်းတွေ အောင်မြင်ရမယ်ဆိုတဲ့
အယူအဆတော့ မင်းတို့ မထားနဲ့။
တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း . . .
ငကန်းသေ ငစွေပေါ်တာမျိုးသာ ဖြစ်ရမယ်။
ဒါမှလည်း တိုင်းပြည်မှာ လူတော်လူကောင်းတွေ ပေါ်ထွန်းလာမှာပေါ့။
ငါ့အနေနဲ့ လွတ်လပ်ရေးရပြီးရင် ကိုယ်ကျိုးအားလုံး စွန့်ပြီးနေမယ်ဆိုတာ
မှတ်ထားပေရော့"
*********************************
လွတ်လပ်ရေးရပြီးလျှင် နိုင်ငံရေးမှ အနားယူမည်ဆိုသော ဗိုလ်ချုပ်၏
ရည်ရွယ်ချက်များတွင် စာရေးချင်သည့် ဆန္ဒသည် အဓိကမဟုတ်။
ခြံစိုက်ချင်သည့် ဆန္ဒသည် အဓိကမဟုတ်။
"ကိုယ်ရရှိသည့်၊ ကိုယ်ခံစားခွင့်ရှိသည့် အခွင့်အရေးများကို
စွန့်လွှတ်စွန့်စားရဲသော မဟာသတ္တိ၊ တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း၊
ငကန်းသေ ငစွေပေါ် လူတော်လူကောင်းများ ထွန်းကားရေးဟူသည့်
မဟာမြော်မြင်မှုနှင့် မဟာစိတ်ဓာတ်ကြီးများကို လွတ်လပ်ရေးနှင့်အတူ
အမွေပေးလိုခြင်းသည်သာ အဓိကရည်ရွယ်ရင်း အစစ်အမှန်ဖြစ်ကြောင်း"
သိလိုက်ရပါတော့သည်။
သို့သော်
"ကိုယ်ရမည့် အခွင့်ထူး အခွင့်အရေးနှင့် ကိုယ်ခံစားနိုင်မည့်
ကိုယ်ကျိုးများကို စွန့်လွှတ်ဖို့နေနေသာသာ
ကိုယ်၏ ရပိုင်ခွင့်ထက်
ကျူးကျူးလွန်လွန် ပိုမိုရရှိအောင်ကြိုးစားအားထုတ်နေသော၊
နောက်တစ်ဗိုလ်တက်ဖို့ နေနေသာသာ
တက်ပြီးသား တစ်ဗိုလ်က မဆင်းရအောင် နည်းမျိုးစုံဖြင့် ကုတ်ကပ်ပြီး
ကျောက်ချဖို့ ကြိုးစားနေသော၊
ငစွေပေါ်ဖို့ နေနေသာသာ
ငကန်းက မကန်းသလို ကြိုးစားအားထုတ်နေသော၊
လက်ရှိ အမိမြန်မာနိုင်ငံ၏ အဖြစ်စုံ၊ သနစ်စုံကိုသာ
ဗိုလ်ချုပ်မြင်နိုင်ဦးမည်ဆိုလျှင် ........
(ဖေဒီ)
ဆောင်းပါးရှင် "ဖေဒီ" ၏ "ဗိုလ်ချုပ် သို့မဟုတ် မြင့်မြတ်သော
မဟာနှလုံးသား ပိုင်ရှင်" ဆောင်းပါးမှ
credit to .... Eleven Media Group

Friday, February 13, 2015
"ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်"
"ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်"
။။။။။။။။။။။။။။။။။။။။။။။။။။။
"လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာပဲ။
လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က
မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာရေးမယ်``
(ဦးအောင်ဆန်း)
၁၉၄၇ ခုနှစ် မေလ ၃ဝ ရက်
ဖဆပလဌာနချုပ်တွင် ပြုလုပ်သော သတင်းစာဆရာများ
အစည်းအဝေးတွင် ပြောကြားသည့် မိန်းခွန့်မှ
*****************************************
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။
အတွင်းဝန်ရုံး။
အတွင်းဝန်ရုံးအတွင်းရှိ တိုင်းပြု ပြည်ပြုလွှတ်တော် အဆောက်အဦရှေ့ ဝရန်တာတွင် မတ်တပ်ရပ်ရင်း သူတို့တတွေ စကားပြောနေကြ၏။
သူတို့တတွေ ဟူသည်ကား …. ဒီးဒုတ်ဦးဘချို၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာဇော်ဂျီ၊
ဆရာမောင်ထင်၊ ဆရာမင်းသုဝဏ်နှင့် ဦးခင်ဇော်တို့ ဖြစ်၏။
ဗိုလ်ချုပ်အောင်ဆန်းက ဘန်ကောက်လုံချည် နံ့သာရောင်၊ ပိုးအင်္ကျီရင်စေ့နှင့်
သပ်သပ်ရပ်ရပ်၊ သားသားနားနား….။
သူတို့ စကားဝိုင်းက စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုအကြောင်းများ ဖြစ်သည်။ "….လွတ်လပ်ရေးရရင် နိုင်ငံရေးကထွက်ပြီး ပညာရေးနဲ့ ယဉ်ကျေးမှုတွေ လေ့လာမယ်။ အာရှအရှေ့တောင်ပိုင်းမှာ လှည့်ပြီး ယဉ်ကျေးမှုတွေကို လေ့လာချင်တယ်…."
ဒီးဒုတ်ဦးဘချိုက ဗိုလ်ချုပ်အောင်ဆန်းကို ပြော၏။
ဗိုလ်ချုပ်အောင်ဆန်းက စိတ်အားထက်သန်စွာနှင့် စကားပြောလျှင် … သူ၏ နှုတ်ခမ်းသည် အနည်းငယ် ထော်၍ သွားတတ်၏။
"ကျနော်လည်း နိုင်ငံရေးက ထွက်မှာပါပဲဆရာ။ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်။ ကျနော်တို့ဆီမှာ ဘာသာပြန်တွေ အများကြီးလိုတယ်။ ဘိုင်အိုဂရပ်ဖီ
(အတ္ထုပတ္တိစာပေ)တွေလည်း လိုတယ်။ ဘာ့ကြောင့် မရေးကြသလဲ မသိဘူး။
ပြီးတော့ … ဗမာအက၊ ဗမာ့ဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေ ရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့ တဦး ဘယ်လိုဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်။ ကျနော်လည်း အနုပညာသမားပါပဲဆရာ…."
ဒီးဒုတ်ဦးဘချိုနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့က သူတို့ လုပ်ဆောင်လိုကြသည့်
စာပေယဉ်ကျေးမှု အနုပညာ ရည်မှန်းချက်များ ဆွေးနွေးနေကြ၏။
ထိုစဉ်က …. သူတို့သည် နောင် ၅ ရက်အကြာ၌ ဤအဆောက်အဦကြီး
အတွင်း၌ပင် အကြမ်းဖက်သမားတစု၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရမည်ကို မသိကြ။ တွေးထင်၍ပင် မထား….။
*************************
ဂျပန်ခေတ် စစ်ဝန်ကြီးတာဝန် ထမ်းဆောင်နေရင်း ….
ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ အတ္ထုပတ္တိ ရေးခဲ့၏။ စစ်ရေး၊ နိုင်ငံရေးတာဝန်များ
ပိနေသည့် အကြားမှ 'လု' ၍ ရေးခဲ့သည့် အတ္ထုပတ္တိစာ ဖြစ်သည်ဟု ဆိုရမည်။
ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲရင်း ….
အမျိုးသား လွတ်လပ်ရေးအား အရယူရင်းနှင့် …
ဗိုလ်ချုပ်၏အတ္ထုပတ္တိက အဆုံးမသတ်နိုင်ခဲ့။
အခန်း ၂ ခန်းနှင့်ပင် ပြီးသွား၏။
အခန်း ၁ တွင် "ဇာတိ" ဟူ၍ ခေါင်းစဉ်ငယ်ပေးထားပြီး
အခန်း ၂ ကိုမူ "ကျောင်းသားဘဝ" ဟု ခေါင်းစဉ်ငယ် တပ်ထား၏။
ဗိုလ်ချုပ်သည် သူ၏ အတ္ထုပတ္တိအဖွင့် ရေးသားရာတွင်
"မြေလတ်" ၏ ပထဝီဝင်ကို မိတ်ဆက်ပြ၏။ ပြီးလျှင် …. နတ်မောက်၏
အနီးအဝေး ဝန်းကျင်ကိုလည်း ဖွဲ့ပြန်သည်။
"…. မီးရထားဘူတာရုံအနီးတွင် မီးရထားဘက်မှ ဆောက်ထားသော
အိမ်တန်းလျားများ ရှိသည်။ ဘူတာ၏ ဝဲယာပတ်လည်တွင် မြေပဲခင်း၊ နှမ်းခင်းတို့
ရှိလေသည်။ ထိုယာခင်းတို့မှ လွန်လျှင် ….. လောကဓာတ် မြန်မာအထက်တန်း
သင် ဘုန်းကြီးကျောင်းတကျောင်း ရှိလေသည်။ ထိုမှ ယာတခင်း အလွန်တွင်
၅ ရက် တဈေး ဖွင့်ရာ ဈေးပိုင်း ရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ်ဂတ်တန်းလျား
များ ရှိလေသည်။ ထိုအနီးတွင် စာတိုက် ရှိလေသည်။ စာတိုက်၏ အနောက်မြောက် မလှမ်းမကမ်းတွင်မူ အိမ်ခြေ ၁၅ဝ ခန့်ရှိ ရွာတရွာ ရှိသည်။ ထိုရွာကို 'နတ်မောက်' ဟု လည်းကောင်း၊ `တောင်ရွာ' ဟုလည်းကောင်း ခေါ်ကြလေသည်။"
၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ် မွေးဖွားခဲ့၏။
မြန်မာသက္ကရာဇ်အရမူ … ၁၂၇၆ ခုနှစ် တပေါင်းလဆန်း ၁ ရက် (စနေနေ့) ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့နှင့်ပတ်သက်၍
ဗိုလ်ချုပ်က သူ့အတ္ထုပတ္တိတွင် ….
"ဖေဖော်ဝါရီ ၁၃ ကား နာမည်ကျော် နက္ခတ်ဗေဒင်ဆရာကြီး
ကိုင်ရို၏ ဟောပြောချက်အရဆိုလျှင် တိုင်းပြည်တပြည်၏ အစိုးရနန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသောသူများ မွေးတတ်သောနေ့ဟု ဟောထားလေသည်။
ထိုနေ့တွင်မွေးသော ကျနော်မှာ သူပုန်လောင်းကလေး ဖြစ်သည်ကို ထိုအခါက
မည်သူမျှ ထူးထူးခြားခြား မထင်ခဲ့ကြချေ ။"
၁၉၄၆ ခုနှစ် တာရာမဂ္ဂဇင်းတွင် ဆရာဒဂုန်တာရာက အောင်ဆန်း (သို့မဟုတ်)
အရိုင်း ဟူ၍ ဗိုလ်ချုပ်၏ ရုပ်ပုံလွှာကို ဖွဲ့သည်။ သူ့ကို `အရိုင်း' ဟူ၍
ဝိဂြိုဟ်ပြုသည်ကို ဗိုလ်ချုပ်က သဘောကျဟန် တူ၏။
သူ၏ အတ္ထုပတ္တိတွင်လည်း `အရိုင်း`နှင့် ပတ်သက်၍ ….
"ကျနော် ငယ်ငယ်တုန်းက တော်တော်နှင့် စကားမပြောတတ်။
အနာအဖျား ထူသည်။ အစားကြူးသည်။ အမဲသားငါးကို အလွန်ကြိုက်သည်။
ကျနော်၏ မိခင် ဈေးဝယ်သွားရာ ရံဖန်ရံခါ ကျနော့်ကို ချီ၍ သွားလေသည်။
တခါသော် အမဲသားစိမ်းကို အတင်းလု၍ စားမည်ပြုသည်ဟု
ကျနော် ကြားသိရပေသည်။
လူရိုင်းဘဝက ကျနော် လာသလားမသိ။
ယနေ့ထိ လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများ ရှိသည်။
လူရိုင်းကား ကြမ်း၏။ ခက်ထန်၏။
သို့သော် ဖြူ၏။ ဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။
ကျနော် ကြိုက်၏။ ကျနော့်စိတ်တွင် အင်မတန် စိုပြေလတ်ဆတ်သော ဘဝဟု ယူဆသည်။
ကျနော် ငယ်ငယ်ကလေးက ယနေ့တိုင် လူရောစိတ်ရော ပျော့ပြောင်းသည်ဆိုသည့်
အချက်ကို နားမလည်ခဲ့၊ နားလည်ရန်လည်း မကြိုးစားခဲ့၊ ကြိုးလည်း မကြိုးစားချင်၊
ကျနော်ကား စကားအပြောအဆို မဖွယ်မယဉ်ကျေး၊
အသက်၈ နှစ်ထဲ ရောက်၍ ကျောင်းစနေသည့် အခါ၌ပင် ဘုန်းကြီးကို
ဘုန်းကြီးစကားဖြင့် မလျှောက်တတ်၊ အမူအယာလည်း ကြမ်း၏။
အလိုက်လည်း မသိ၊ ညစ်လည်း ညစ်ပတ်သည်။
ကိုယ့်စည်းကမ်းဟူ၍လည်း တခုမျှမရှိ"
ဗိုလ်ချုပ်သည် သူ၏ အတ္ထုပတ္တိကို ရေးသားရင်း ….
သူ့မိသားစုဝင် အချို့၏ အကြောင်းကိုလည်း တို့၊ ထိ ဆွဲခေါ်၍ ပြသွားသေးသည်။
"ကျနော်၏အထက် အကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ၊
၎ နှစ်မျှ ကွာ၏။ သူနှင့် ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက် ဖြစ်၏။
သူကား လက်မြန်၏။ ကျနော်ကား အားကြီး၏။ မချိန်မဆ လက်လွှတ်စပယ်
လုပ်တတ်၏။ သူကား နု၏။ မင်းသား ကျချင်၏။ ကျနော်ကား ကြမ်း၏။
သူသည် အစားအသောက် အနေအထိုင်မှစ၍ သပ်ရပ်သည်။
အစားဆိုလည်း အစာတိုင်း မစား၊ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့
ကျသွားလျှင် သူသည် မစားတော့။
ကျနော်ကား ဖုတ်ဘက်ခါ၍ စားနိုင်လျှင် စား၏။
သူကား အဝတ်များကို သပ်သပ်ရပ်ရပ် ဝတ်တတ်၏။
ကျနော်ကား မဝတ်တတ်။ မြန်မြန်ညစ်အောင် ဝတ်တတ်၏။
သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊
ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏။
သူကား ပါး၏။ လျင်၏။ ကျနော်ကား ထူ၏။ အေး၏။ ကျနော်ကား မြှောက်လို့ မြှောက်မှန်းမသိ၊ ချော်လို့ ချော်မှန်းမသိ။
ထုံပေပေ အလွန်နိုင်၏။
တခါသော် ၁ဝ မိုင်ခန့်အကွာ ရွာတရွာသို့ ကျနော်၏ မိဘများနှင့် လိုက်သွား၍
သူကြီးအိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ ရွယ်တူလောက် ကလေးတယောက်က ကျနော့်အား မြှောက်၍ ဗိုလ်ကြီး-ဗိုလ်ကြီး ဟု ခေါ်ရာကျနော်မှာ များစွာသဘောကျကာ ထညက်ဖြူဆုတ်တွေ ခေါ်တိုင်း ပေးခဲ့ဖူးသည်"
သူ့ဖခင် ဦးဖာ ကွယ်လွန်သည့်အချိန်၌ ဗိုလ်ချုပ်သည် ရေနံချောင်း အမျိုးသားကျောင်း၌ ပညာသင်စဉ်ပင် ရှိသေး၏။ ၁၃-၁၄ အရွယ် ဖြစ်မည်။ ဖခင် ကွယ်လွန်ပြီး ၁၅ နှစ်ကျော်ကြာသည့်အချိန်၌ ဤအတ္ထုပတ္တိအား သူ ရေးခြင်းဖြစ်သည်။
သူ၏ အတ္ထုပတ္တိတွင် သူ့ဖခင်နှင့်ပတ်သက်၍ …..
"ကျနော်၏ ဖခင်သည် ကျနော်နှင့် အမူအရာမှာ အတော်ဆင်သည်။
တနေ့နေ၍ စကားတခွန်း မပြော၊ မျက်နှာထား ဆိုး၏။
ဆိုးသည့်အထဲ ကျောက်ပေါက်မာများလည်း ရှိ၏။ လောကွတ်မရှိ၊ ဟန်မရှိ၊ ဘာသိဘာသာ နေတတ်၏။ အကိုင်အတွယ်၊ အသွားအလာ၊
အမူအရာ ကြမ်း၏။ ငြင်းမိလျှင် အလျှော့မပေးတတ်၊
သို့သော် စိတ်နှလုံးကား အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော။ ထိုကြောင့် ရှေ့နေစာမေးပွဲ ဝင်ထားသော်လည်း ရှေ့နေလိုက်၍ စားသည်ကို
ကျနော်တို့ မမှတ်မိ။
ကျနော်တို့အား အခြားသူတဦးဦးက ခေါင်းရိတ်ပေးလျှင် အင်မတန် ညင်သာ၏။ ကျနော်တို့ ဖေဖေကား ဓားမထက် တထက်ကို ကောင်းကောင်း မသွေးဘဲ
အတင်းတွန်းချ၍ ရိတ်၏။ အထူးပင် ခေါင်းရည်နာ၏။
ကျနော်တို့သည် ၎င်း ခေါင်းရိတ်မည့်အခါကို ရွံ့၏။ တွန့်၏။
သို့သော် ခေါင်းရိတ်သည့်အခါတိုင်း ကျနော့်အကိုကား အမြဲငို၏။
ငိုတိုင်း ခေါင်းပုတ်ခံရ၏။
ကျနော်ကား မငို။ ကြိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ် လွတ်၏။"
ဗိုလ်ချုပ်က သူ၏ ငယ်ဘဝကို ဤသို့ မှတ်ချက်ပြု၏။
"… ကျနော်သည် ငယ်စဉ်က ချောင်တချောင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍ နေသော်လည်း နေတတ်သည်။ ကလေးနှင့် မလိုက်၊ အများအားဖြင့်
အိနြေ္ဒကြီးသည်။ ကစားခုံစားများစွာ မလေ့ကျင့်၊
သို့သော် ကစားသည့်အခါ ကြမ်းတမ်းသည်။
ကြမ်းတမ်းသော ကစားမျိုးကိုမှ နှစ်သက်သည်။
တွက်ထိုးခြင်း၊ ကျည်းသားရိုက်ခြင်း စသည်တို့ကို ဝါသနာပါသည်။
ခြင်းလုံးခတ်ခြင်းကို မကြိုက်။ ရွရွလုပ်ရသော အလုပ်ဆိုလျှင် ကျနော်နှင့် မဖြစ်။
အချုပ်ဆိုလျှင် ကျနော်၏ ကလေးဘဝမှာ ချီးမွမ်းစရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ ရှိုမြောင်ချောင်းစောင်းကဲ့သို့ အဖုအထစ်၊ အပြစ်အနာအဆာများသည် စိမ်းလန်းစိုပြေညီညာသော မြက်ခင်းသဖွယ် ရှုချင်သဖွယ် မဟုတ်ပေ…"
ဗိုလ်ချုပ်ကိုယ်တိုင်ရေး ဤအတ္ထုပတ္တိတွင်….
သူ၏ နှလုံးသားကို အထင်ရှားဆုံးဖေါ်ပြနိုင်သည့် စာကြောင်းတစ်ကြောင်းကို
တွေ့ ခဲ့ရ၏။
“ စိမ်းလန်း စိုပြေကျယ်ပြန့် သော ရေမြေရိုင်းပေါ်တွင် လက်ပမ်းပေါက်ခတ်၍
လွတ်လွတ်လပ်လပ်မြူးထူးအော်ဟစ်နေလိုသည်”
ဟူသောစာကြောင်းပင်ဖြစ်တော့သည်။
*************************************
ဗိုလ်ချုပ်သည်နောင်တစ်ချိန်ချိန်တွင် နိုင်ငံရေးနယ်ပယ်မှ ထွက်ကာ စာရေးဆရာတစ်ဦးအနေ နှင့်ဘ၀နိဂုံးချုပ်ချင်သည့် စိတ်ဆန္ဒပြင်းပြခဲ့သူဖြစ်၏။
သူ၏ ဤစိတ်ဆန္ဒကို အသိမိတ်ဆွေများအား မကြာခဏ ထုတ်ဖေါ်ပြောဆိုခဲ့သူဖြစ်၏။
သို့ သော် ဗိုလ်ချုပ်၏ကြီးမာလေးနက်လှသည့်ဤပုဂ္ဂလိက စိတ်ဆ န္ဒမှာမူ
မပြည့်ဝနိုင်ခဲ့ရှာပါ။
၁၉၄၇ - ခု၊ ဇူလိုင်လ ( ၁၉ )ရက်၊ သူ့အသက် ( ၃၂ ) နှစ် အရွယ်တွင် မသမာသူတို့ ၏လုပ်ကြံသတ်ဖြတ်မှုကိုခံခဲ့ရ၏။ တိုင်းပြည်လွတ်လပ်ရေးကိုပင်မြင်တွေ့ ခွင့်မရခဲ့ရှာပါ။
စာရေးသူတဦး၏ဘ၀နှင့်သာနိဂုံးချုပ် ဖို့ ရန် စိတ်အားထတ်သန်ခဲ့သူ အမျိုးသာခေါင်းဆောင်ကြီး၏ နှစ် ၁၀၀ ပြည့်ကို
ဤဆောင်းပါးလေးဖြင့် ကြို ဆိုဂုဏ်ပြုရင်း ......
forward mail & ငြိမ်းဝေ၏
"ဗိုလ်ချုပ်အောင်ဆန်း၏ စာပေအယူအဆနှင့် စာပေအနုပညာ"
credit to .... myatlayngon & sandaywe

Thursday, February 12, 2015
"ပြည်ထောင်စုနေ့"
"ပြည်ထောင်စုနေ့"
။။။။။။။။။။။။။။။။။။။။။
လွန်ခဲ့တဲ့ နှစ်၆၀ ကျော် အချိန်တုန်းကတော့ ဗမာပြည်မနဲ့
နယ်စပ်ဒေသတွေကို နိုင်ငံရေး အရဆက်သွယ်ခြင်း၊ ပေါင်းစည်းခြင်း
မရှိနိုင်အောင် နယ်ချဲ့အစိုးရဟာ အစွမ်းကုန် ဆောင်ရွက်ခဲ့ပါတယ်။
နယ်စပ်ဒေသ လူမျိုးများနဲ့ ဗမာလူမျိုးများ အကြား သွေးကွဲစေဖို့
နည်းမျိုးစုံနဲ့ ခြေထိုးခဲ့ပါတယ်။
ဒါကြောင့်ပဲ အမျှော်အမြင် ကြီးမားလှတဲ့ ရှမ်းပြည်စော်ဘွားတွေဟာ နယ်စပ်ဒေသခေါင်းဆောင်များနဲ့ ဗမာပြည်မ ခေါင်းဆောင်များ ရှမ်းပြည်တနေရာမှာ တွေ့ဆုံပြီး နှီးနှောဖလှယ်ဖို့ စီမံခဲ့ပါတယ်။
အဲဒီလိုနဲ့ ၁၉၄၇ ခုနှစ် ပထမပင်လုံ ညီလာခံကြီး ပေါက်ဖွားလာခဲ့ပါတယ်။
ပထမ ပင်လုံ ညီလာခံကို တက်ရောက်ဖို့ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုတဲ့ ဗမာခေါင်းဆောင်များအား ဖိတ်ကြားခြင်းကို ရှမ်းပြည်က
မျက်နှာဖြူ အရာရှိတွေက တားဆီးပိတ်ပင်ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။
ပထမ ပင်လုံညီလာခံကနေ အစပြုပြီးတော့ ပြည်ထောင်စုစိတ်ဓာတ်နဲ့
သဘောတရားများဟာ စတင် အမြစ်တွယ်ခဲ့ပါတယ်။
နယ်စပ်ဒေသ ခေါင်းဆောင်များ ညီညွတ်စွာ ပေါင်းစည်းမိခဲ့ကြပါတယ်။
အဲဒီကမှ တဆင့် ဒုတိယ အကြိမ်မြောက် ပင်လုံညီလာခံ ကျင်းပဖို့
ဆုံးဖြတ်ခဲ့ကြပါတယ်။
၁၉၄၇ ခုနှစ်၊ ဖော်ဖော်ဝါရလ ၆ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ကျင်းပတဲ့
ဒုတိယ ပင်လုံညီလာခံမှာ တော့ နယ်စပ်ဒေသ ခေါင်းဆောင်တွေဟာ
အနာဂတ် ပြည်ထောင်စု ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းပြု ပြည်ပြု
လွှတ်တော်သို့ တက်ရောက်ဖို့ တညီတညွှတ်တည်း သဘောတူခဲ့ကြပါတယ်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာတော့ ဗိုလ်ချုပ်အောင်ဆန်း
အမှူးပြုတဲ့ ဗမာခေါင်းဆောင်များနဲ့ နယ်စပ်ဒေသ ကိုယ်စားလှယ်များဟာ
သမိုင်းဝင် `ပင်လုံစာချုပ်´ ကို ချုပ်ဆို နိုင်ခဲ့ကြပါတယ်။
အဲဒီ ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ နေ့ကို "ပြည်ထောင်စုနေ့" ရယ်လို့
သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ "ပြည်ထောင်စုနေ့"ရဲ့ သရုပ်ဟာ ပြည်ထောင်စု
စည်းလုံးညီညွှတ်ရေး (ပင်လုံ စိတ်ဓတ်)ပါပဲ။ ဒါကြောင့်လဲပဲ
ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေဟာ
ကိုလိုနီနိုင်ငံဘ၀ကနေ လွတ်မြောက်ဖို့ ကြိုးပမ်းရာမှာ
တဦးပေါ် တဦး အပြန်အလှန် ယုံကြည်လေးစားမှုတွေနဲ့ ညှိနှိုင်းဆွေးနွေး
အဖြေရှာတဲ့ နည်းလမ်းကို ကျင့်သုံးပြီး ပြည်ထောင်စုသား အားလုံး တစည်းတလုံးတည်း ဖြစ်စေရေးကို အောင်အောင်မြင်မြင်
တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒီတော့ ပြည်ထောင်စုနေ့ကို ရောက်တိုင်းမှာ ကျနော်တို့ နောင်မျိုးဆက်သစ်တွေနဲ့ တကွ ခေါင်းဆောင် ဖြစ်လတ္တံ့သော ပုဂ္ဂိုလ်များအနေနဲ့လည်း ပင်လုံစိတ်ဓာတ်ကို
လက်ဆင့်ကမ်း ကိုင်စွဲထားဖို့ လိုအပ်ပါတယ်။
*****************
ဒီကနေ့ခေတ် ပြည်ထောင်စုနေ့တွေမှာ ပြည်ထောင်စု အလံ နိုင်ငံအနှံ့ လှည့်လှည်ပြီး အလေးပြုခံတဲ့ အစီအစဉ် မရှိတော့ဘူး။ ကိစ္စမရှိပါဘူး။
ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြပွဲခန်းမတွေ အရင်လို မလုပ်တော့ဘူး။
ဒါလဲ ပြဿနာ မရှိသေးပါဘူး။
ဒါပေမယ့် ပြည်ထောင်စုနေ့ ဆိုတာ ဘာလဲ၊ ပြည်ထောင်စုနေ့
ဘာကြောင့် ပေါ်ပေါက်လာလဲ၊ အဲဒီနေ့မှာ ဘယ်ပုဂ္ဂိုလ်တွေက
ဘယ်လိုသဘောတူညီချက်တွေကို ဘယ်လိုခဲခဲယဉ်းယဉ်း ကြိုးစားရယူခဲ့ရတယ် ဆိုတာကို ပေါ်လွင်စေဖို့တော့ နှိုးဆွ အသိပေးဖို့ လိုအပ်ပါတယ်။
ဒါမှလဲ ပြည်ထောင်စုနေ့ကို သတ်မှတ်ထားရခြင်းရဲ့ အဓိပ္ပာယ်ဟာ
ပိုမိုပေါ်လွင်မှာ ဖြစ်ပါတယ်။
နေ့တစ်နေ့ သတ်မှတ်ထားလို့ ဒါတွေကို လုပ်ရမယ်လို့ မဆိုလိုချင်ပေမယ့်
ဒီနေ့၊ ဒီရက်ဟာ ကျနော်တို့ တိုင်းပြည်ရဲ့ အလေးထားစရာ နေ့တနေ့အဖြစ်တော့ အသိအမှတ်ပြုစေချင်မိပါတယ်။
ဒါကြောင့် မမေ့နိုင်ကောင်းတဲ့ အဲဒီ သမိုင်းဖြစ်ရပ်တွေကို လေးစားစွာမှုအတူ
တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ခြင်း သရုပ်ကို ဆက်လက် ဖော်ဆောင်သွားခြင်းသည်သာလျှင် ပြည်ထောင်စုနေ့ကို
အမှန်တကယ် လေးစားရာ၊ ဂုဏ်ပြုရာ ကျပါလိ့မ်မယ်။
အခုတော့ ကျနော်တို့ နိုင်ငံမှာ ဘယ်နေ့ကိုပဲ ရောက်ရောက်
လက်ရှိအုပ်ချုပ်သူတွေအတွက် ကြံဖန်ကြွားလုံး ထုတ်စရာနေ့ကို ရောက်နေတဲ့
အလားပါပဲ။ ဒါဟာ သမိုင်းဝင်နေ့တွေကို စော်ကားရာလဲ ကျသလို သမိုင်းဝင် ခေါင်းဆောင်တွေကိုလဲ မထီလေးစား လုပ်ရာကျပါတယ်။
********************
၁၉၉၇ ခုနှစ်၊ နှစ် ၅၀ မြောက် ပြည်ထောင်စုနေ့ အခါသမယမှာတုန်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်းကောက်နှုတ်ချက်
တစ်ခုကို တင်ပြပါရစေ…
"ပြည်ထောင်စု မြန်မာနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံ အနေနဲ့
ရပ်တည်နိုင်ခဲ့တာဟာ အခုဆိုရင် ရာစုနှစ်ဝက်ခန့် ဖြစ်ပါပြီ။
ဒါပေမယ့်လည်း စစ်မှန်တဲ့ တိုင်းရင်းသား ညီညွှတ်မှုကို ကျမတို့ မစွမ်းဆောင် နိုင်ခဲ့သေးတာကြောင့်မို့လို့ ဒီဟာကို ပြည်ထောင်စု
အစစ်လို့ ခေါ်ရမှာ အင်မတန်မှ ခက်ခဲနေပါတယ်။
ကျမတို့ စစ်မှန်တဲ့ သွေးစည်းညီညွှတ်မှု ရရှိဖို့ဆိုတာ ဘာလိုလဲ ဆိုတော့
ကျမတို့ တိုင်းရင်းသား လူမျိုးများ အားလုံးဟာ
မိမိတို့ရဲ့ မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်တွေ စိုးရိမ်ချက်တွေ၊
နာကျည်းချက်တွေ၊ မကျေနပ်မှုတွေကို ပွင့်ပွင့်လင်းလင်း အန္တရာယ်မရှိဘဲနဲ့
တင်ပြပေးနိုင်တဲ့ စနစ်တခု ရှိဖို့ လိုပါတယ်။
ဒီစနစ် တခု ရှိမှသာလျှင် ကျမတို့ ကြားထဲမှာ ရှိနေတဲ့ နားလည်မှု
လွဲမှားနေတာတွေ၊ မကျေနပ်တာတွေကို ကွယ်ပျောက်သွားအောင်
လုပ်နိုင်မှာ ဖြစ်ပါတယ်"
**********************
တကယ်တော့ တိုင်းပြည်ရဲ့ ပကတိ အခြေအနေကို ကောင်းစွာ
နားလည်ပြီးတော့ တကယ့် ပြည်ထောင်စု အစစ်လို့ ခေါ်ဆို
သတ်မှတ်နိုင်တဲ့ အခြေအနေဖြစ်လာအောင်၊
စစ်မှန်တဲ့ သွေးစည်း ညီညွှတ်မှု ရလာအောင် ဖော်ဆောင်ခြင်းသည်သာလျှင်
ပြည်ထောင်စုနေ့ကို တကယ် တန်ဖိုးထားရာ ကျတယ်လို့ မြင်မိကြောင်း
တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။
(ကလိုစေးထူး)
credit to ... weunite

Wednesday, February 11, 2015
"ဗိုလ်ချူပ် ပြောခဲ့သော တပ်မတော်ဆိုသည်မှာ"

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“ငါတို့ တပ်မတော်သည် ပြည်သူများမှ ဖြစ်ပေါ်လာ၍
ပြည်သူများ၏ လွတ်လပ်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို
စောင့်ရှောက်ကာကွယ်ရန် ဖြစ်သည်။
ထို့ ကြောင့် ငါတို့ တပ်မတော်သည်
ပြည်သူ့ တပ်မတော် ဖြစ်သည်။
ပြည်သူများနှင့် ကွဲပြားနေ၍ ပြည်သူများ၏အကျိုးကို
ကာကွယ်ရင်း မရှိသော တပ်မတော်မျိုးမဟုတ်၊
ပြည်သူ့ တပ်မတော်သည် ပြည်သူများတွင် အခြေခံ၍
ပြည်သူများနှင့် အဆက်ဖြတ်ကာ ကွဲပြားခြားနားခြင်း မရှိ၊
အမြဲဆက်စပ်နေ၍ ပြည်သူများနှင့် တသားတည်းရှိသည်၊
ပြည်သူ့ တပ်မတော်သည် ပြည်သူတို့၏ လက်ရုံးလက်သီး
ပြည်သူများ၏ ဓါးသွား ဖြစ်စေရမည်။
ထို လက်ရုံး၊လက်သီး၊ ဓါးသွားသည်
ပြည်သူများ၏ ရန်သူကို တွန်းလှန်ရန် ဖြစ်သည်။
ထိုလက်ရုံး၊ လက်သီး၊ ဓါးသွားသည်
ပြည်သူများ၏အကျိုးကို ကာကွယ်ရန် ဖြစ်သည်။”
(ဗိုလ်ချူပ်အောင်ဆန်း)
စစ်ဝန်ကြီးရုံးတော်၂၉-၁၂-၁၉၄၄
ဗိုလ်ချူပ်၏
"တပ်မတော်သည် မည်ကဲ့သို့ တပ်မတော်ဖြစ်သည်ဆိုသည်ကို တိုင်းသူပြည်သားများအား သေချာစွာ သိရှိနားလည်စေရန်
ထုတ်ပြန်ချက်မှ ...."
credit to ... niknayman

Tuesday, February 10, 2015
"ဗိုလ်ချုပ်၏ အနိုင်မခံ"
"ဗိုလ်ချုပ်၏ အနိုင်မခံ"
။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။
@ ငါ့အား ဖုံးလွှမ်းထားသော
လကွယ်သန်းခေါင်
ှဤအမှောင်အတွင်းမှနေ၍
အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏ စိတ်ဓါတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူးတင်၏ ။
@ လောကဓံတရားတို့၏
ရက်စက်ကြမ်းကြုတ်သော
လက်ဆုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း
ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏
ညွတ်ကား မညွတ် ။
@ ဤလောဘ၊ဒေါသတို့ ကြီးစိုးရာဌာန၏
အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏ ။
သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့ ။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့ ။
@ သုဂတိသို့ သွားရာ တံခါးဝသည်
မည်မျှ ကျဉ်းမြောင်းသည် ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌
ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ
ငါကား ဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏
အကြီးအကဲ ဖြစ်သတည်း ။
(ဗိုလ်ချုပ်အောင်ဆန်း)
အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊၁၉၃၆ ခု
"Invictus"
OUT of the night that covers me,
Black as the Pit from pole to pole,
I thank whatever gods may be
For my unconquerable soul.
In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.
Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds, and shall find, me unafraid.
It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul.
[William Ernest Henley. 1849–1903]
credit to .... moehlaingnya

Monday, February 9, 2015
"ဗိုလ်ချုပ်ပြောတဲ့ ပညာဟူသည်"
"ဗိုလ်ချုပ်ပြောတဲ့ ပညာဟူသည်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ပညာဟူသည် စာအုပ်များထဲ ၌သာ ရှိသည်မဟုတ်။
စာအုပ်များကိုကျော်၍ မြင်နိုင်စွမ်းခြင်းကို ဆောင်နိုင်ရပေမည်။
ပညာသည်လူ၏ဥာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာမဟုတ်။
လူ၏ စိတ်နေစိတ်ထားအယူအဆများကိုလည်း တိုးတက်စေရမည်။
လူ၏ ဆန္ဒအား လုပ်အားကို နူးညွတ်စေရမည်။
ရာဇဝင် သိရုံသာမဟုတ်၊ရာဇဝင်ကိုဖန်တီးနိုင်စေရမည်။
လောကဓါတ်ပညာကိုသိရုံသာမဟုတ်၊
လောကဓါတ်ပညာကိုတိုးချဲ.နိုင်စေရမည်။
ပထဝီပညာကိုသိရုံသာမဟုတ်၊
မြေသစ်၊ရေသစ်၊တော၊တောင် တို့ကိုရှာဖွေစုံစမ်းနိုင်စွမ်းစေရမည်။
လောကအကြောင်းကို နားလည်စေ ရုံသာ မဟုတ်၊
သည်ထက်ကောင်းသော လောကကို ဖန်ဆင်းနိုင်ရမည်။
ဤကားပညာ၏သရုပ်အကျဉ်းမျှတည်း။”
(ဗိုလ်ချုပ်အောင်ဆန်း)
ဗိုလ်ချုပ်ပြောတဲ့ အောင်ဆန်းအကြောင်း
(ရေးသူ - ဗိုလ်ချုပ်အောင်ဆန်း) မှ ...
credit to .... Tharchit Zaw

Sunday, February 8, 2015
"ဗိုလ်ချုပ်၏ လျှောက်ထားချက်"
"ဗိုလ်ချုပ်၏ လျှောက်ထားချက်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ အရှင်ဘုရား၊
တပည့်တော်သည် ဗမာပြည်ကြီး လွတ်လပ်ရေးရရန်ကိစ္စတွင်
ဆရာတော်ကြီးများထံမှ အကူအညီရယူရန်၊
မဲဆွယ်ရန် လာခြင်းမဟုတ်ပါ။
တပည့်တော်မှာ
အခြားနိုင်ငံရေးခေါင်းဆောင်ကြီးများလို မဲရလိုမှုရည်ရွယ်ပြီး
ဆွမ်းကျွေးခြင်း၊ သင်္ကန်း ကပ်လှူခြင်း မပြုနိုင်ပါဘုရား။
လှူရန်လည်း တပည့်တော်မှာ ငွေမရှိပါ။
အလွန်ဆင်းရဲပါတယ်ဘုရား။
လှူမယ်ဆိုရင်လည်း သန့်သန့်ရှင်းရှင်းလှူမယ့် တကာပါဘုရား။”
“ဆရာတော်ကြီးများက
ပရိယတ္တိ၊ပဋိပတ္တိတရားများနှင့်
သာသနာတော်ကြီး ပြန့်ပွားရန်သာ တာဝန်ထားပြီး၊
ရိုးရိုးကြီးတွေဆိုတာ တပည့်တော် ယုံကြည်ပါတယ်ဘုရား။
ယခု သတိထားဖို့ကတော့ နိုင်ငံရေးသမားဟာ
အလွန်ပရိယာယ်များလှပါတယ် ဘုရား။
ကောင်းသော ပရိယာယ်နှင့် ကြုံပါက တော်ပါသေး၏။
မကောင်းသော ပရိယာယ်နှင့် ကြုံပါက၊
ငါးပါးသာမက သံဃာစင်ပါ မှောက်တတ်ပါသည် ဘုရား။
မကောင်းသော ပရိယာယ်ဆိုတာကတော့
နိုင်ငံရေးသမားတွေဟာ
ဆရာတော်ကြီးတွေကို အမျိုးမျိုးလှည့်ပတ်ပြီး
သူတို့တက်လမ်းနိုင်ငံရေး ငြမ်းဆင်သွားမှာ
စိုးရိမ်သောကြောင့်
လျှောက်ထားရခြင်း ဖြစ်ပါတယ် ဘုရား။”
(ဗိုလ်ချုပ်အောင်ဆန်း)
(၁၉၄၆ခု၊ ဇွန်လ ၄ရက်နေ့တွင် ရွှေဂုံတိုင်၊
ဘုရားကြီးကျောင်းတိုက်အတွင်း ညောင်တုန်း ဆရာတော်၊
ပေါင်းတည်ဘုရာကြီးဆရာတော်၊
မန္တလေးညောင်ရမ်းဆရာတော်၊
ပခုက္ကူဆရာတော် အစရှိသည့်
ဆရာတော်ကြီးများအား လျှောက်တင်ခဲ့ခြင်းဖြစ်သည်)
credit to ... ဒေါက်တာလွှမ်းမိုးဟန်

Saturday, February 7, 2015
"ဗိုလ်ချုပ်ပြောတဲ့ လူထုခေါင်းဆောင်"
"ဗိုလ်ချုပ်ပြောတဲ့ လူထုခေါင်းဆောင်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

“လူထုကြီးက ကျုပ်ကိုပေးထားတဲ့
လူထုခေါင်းဆောင်ဆိုတဲ့ဂုဏ်ကို
ဝန်ကြီးဆိုတဲ့ဂုဏ်ထက်
ကျုပ်ပိုမက်တယ် ဆိုတာ
ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။
ကျုပ်စိတ်ထဲမှာဆိုရင် …
ဝန်ကြီးဆိုတဲ့ဂုဏ်ဟာ
လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့
ခြေဖျားမှာ ကပ်နေတဲ့ ခြေမှုန့်လောက်ဘဲလို့
ကျုပ်မှတ်ထားပါတယ်။”
(ဗိုလ်ချုပ်အောင်ဆန်း)
(၁၉၄၆ အောက်တိုဘာလ ၂၀ ရက်၊ ရွှေတိဂုံ အနောက်ဘက်မုဒ်)
credit to .... 54-newray

Friday, February 6, 2015
“မငြိမ်းချမ်းမှု၏ နောက်ဆက်တွဲ”
“မငြိမ်းချမ်းမှု၏ နောက်ဆက်တွဲ”
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သံသယ အမုန်းနဲ့ တည်ဆောက်
အမျိုးသားချင်း သစ္စာဖောက်
ကိုယ့်အမျိုးသွေး ကိုယ်ပြန်သောက်
အသားထဲက ထွက်တဲ့ “လောက်”
ဘယ်ခေတ်ရောက်ရောက် ရှိနေမှတော့
တိုင်းပြည်လည်း နစ်နာ
လူတွေလည်း ဖွတ်မွဲပြာစု
မငြိမ်းချမ်းမှုရဲ့ ခရီးနှင်လူသား
တို့ပြည်သားတွေ ပြိုကွဲ၏ ….. ။
(မင်းငြိမ်းခ)
Eternal Light Magazine
credit to .... စာအုပ်မြို့တော်
အမျိုးသားချင်း သစ္စာဖောက်
ကိုယ့်အမျိုးသွေး ကိုယ်ပြန်သောက်
အသားထဲက ထွက်တဲ့ “လောက်”
ဘယ်ခေတ်ရောက်ရောက် ရှိနေမှတော့
တိုင်းပြည်လည်း နစ်နာ
လူတွေလည်း ဖွတ်မွဲပြာစု
မငြိမ်းချမ်းမှုရဲ့ ခရီးနှင်လူသား
တို့ပြည်သားတွေ ပြိုကွဲ၏ ….. ။
(မင်းငြိမ်းခ)
Eternal Light Magazine
credit to .... စာအုပ်မြို့တော်
Thursday, February 5, 2015
"ဖြစ်ရပ်မှန်နဲ့ ထင်မြင်ချက်"
"ဖြစ်ရပ်မှန်နဲ့ ထင်မြင်ချက်"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(Facts Vs Opinion)
@ သတင်းခေတ်ကြီးမှာ သတင်းကြောင့်ဖြစ်ရတဲ့ကောင်းကျိုး
ဆိုးကျိုးတွေအများကြီး ....
ကောင်းကျိုးကတော့ သတင်းမှန်တွေကို ကောင်းစွာ
သုံးသပ်နိုင်ရင် အနာဂါတ်ကို ကြို တင်မှန်းဆနိုင်မယ်၊
လက်ရှိပြဿ နာ ကိုပြေလည်အောင် ဖြေရှင်းနိုင်မယ်။
သတင်းမမှန်ကန်ဘူး၊ သတင်းဖတ်သူရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း
အားနည်းရင်လူမူရေး၊ စီးပွားရေးပြဿ နာပေါ်မယ်။ နိုင်ငံရေး
မတည်မငြိမ်ဖြစ်တဲ့အထိ ဆိုးဝါးနိုင်တယ်။
@ သတင်းတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဖြစ်ရပ်တွေကို
အမှားအကင်းဆုံးနဲ့၊ အမှန်ဆုံးတင်ပြလိုရင်းဖြစ်ရမယ်။
ကြွချင်ထချင်တဲ့သူတွေနဲ့၊ ဖွချင်ဆွချင်တဲ့သူတွေ ကြားမှာ၊
သတင်းဟာ လူ့အဖွဲ့အစည်းတစ်ခုကို ဒုက္ခပေးဖို့အကောင်းဆုံး
လက်နက်ပဲ။
@ အထက်မှာပြောခဲ့ပြီးတဲ့အတိုင်း သတင်းဆောင်းပါးတွေမှာပါတဲ့ အချက်လက်တွေ၊ ဖြစ်ရပ်တွေ(Facts)ဟာ ဘက်မလိုက်ဘဲ
တင်ပြတာမျိုးပဲဖြစ်ရမယ်။
@ *** သတင်းတစ်ခုမှာတင်ပြထားတဲ့ ဖြစ်ရပ်မှန်တွေဟာ
ဓမ္မဓိဋ္ဌာန်ကျရမယ်၊ အရှိအရှိတိုင်းဖြစ်ရမယ်။
သတင်းတစ်ခုမှာတင်ပြထားတဲ့ ဖြစ်ရပ်တွေဟာ
ဧကန်ဧကကျရမယ်။***
မြန်မာနိုင်ငံဟာ ၁၉၄၈ မှာလွတ်လပ်ရေးရတယ်ဆိုတဲ့သတင်းဟာ
ကာလမရွှေး၊ အချိန်မရွှေးမှန်ရမယ်။ သတင်းတွေကိုတင်ပြရာမှာ
မည်သူတစ်ဦးတစ်ယောက်ရဲ့ ထင်မြင်ယူဆချက်ကိုမှ
သတင်းဆောင်းပါးတစ်ခုကို လွမ်းမိုးစေတာမျိုး မဖြစ်သင့်ဘူး။
@ *** ထင်မြင်ချက် (Opinion) ဆိုတာ ပုဂ္ဂိုလ်ရေးယုံကြည်ချက်နဲ့
ခံစားချက်ကထွက်လာတဲ့ အယူအဆတွေပဲဖြစ်တယ်။
ဒါကြောင့် ပုဂ္ဂိုလ်ရေးယူဆချက်တွေဟာ လူတိုင်းအတွက်မမှန်နိုင်ဘူး၊
ကာလဒေသမရွေးမှန်တဲ့ အမှန်တရားမဖြစ်နိုင်ဘူး။ ***
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အလှဆုံးနိုင်ငံပါလို့ပြောရင်
လူတိုင်းလက်ခံမှာမဟုတ်တဲ့ ပုဂ္ဂိုလ်ရေးထင်မြင်ချက်ပဲဖြစ်တယ်။
အလှပဆိုတာကိုက ပုဂ္ဂိုလ်ရေးသဘောဖြစ်တာမို့ အချက်အလက်အဖြစ်
တင်ပြခြင်းဟာအငြင်းပွား စရာတွေဖြစ်စေတယ်။
@ လောလောဆယ်မြန်မာနိုင်ငံမှာ သတင်းလို့ထင်မြင်ဖွယ်ရှိသော
အရာများနဲ့ သတင်းသမားဟုဆိုသောသူများအားလုံးဟာ
အမှန်ပြောတာနည်းပြီး၊ ထင်မြင်ချက်တွေများနေတယ်။
@ သတင်းတစ်ခုကိုလက်မခံခင် သတင်းအရင်းမြစ်နဲ့ သတင်းပေးသူ၊
သတင်းနောက်ကွယ်ရှိ အစိုးရအဖွဲ့အစည်းတွေအပါအ၀င်
အခြားသောအဖွဲ့အစည်းနဲ့ လူအချို့ ရဲ့ ရည်ရွယ်ချက်နဲ့
သူတို့ရဲ့ နည်းဗျူဟာတွေကို ပထမဦးစွာ နားလည်
သဘောပေါက်ဖို့တော့လိုမယ်။
သတင်းပေးနေတာလား၊ ပြည်သူကိုတစ်ခုခုမှာ ယုံကြည်ခိုင်းနေတာလား၊
သို့မဟုတ် ပြည်သူတို့ရဲ့ အယူအဆတွေ ပြောင်းစေချင်လို့လား
စသည်ဖြင့်တော့ခွဲခြားတတ်ရမယ်။
AMM (Greenhill)

Wednesday, February 4, 2015
"လိုချင်တဲ့ပုံ သွင်းဖို့လို"
"လိုချင်တဲ့ပုံ သွင်းဖို့လို"
။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။
“မှန်ကန်တဲ့ နိုင်ငံရေးစနစ်မှာ
ကျမတို့လိုချင်တဲ့ ခေါင်းဆောင်တွေကို
ကျမတို့က ဖော်ထုတ်ရမယ်။
လိုချင်တဲ့ပုံ သွင်းရ မယ်။
ကိုယ်လိုချင်တဲ့ပုံ ကိုယ်မသွင်းလို့ရှိရင်
ခေါင်းဆောင်လုပ်တဲ့သူများက
တိုင်းပြည်ကို သူတို့လိုချင်တဲ့ပုံ
သူတို့သွင်း သွားလိမ့်မယ်။
အဓိပ္ပာယ်က ဘာဖြစ်မလဲဆိုတော့
အာဏာရှင်စနစ်ကြီး ဖြစ်သွားမှာပဲ။”
(ဒေါ်အောင်ဆန်းစုကြည်)
credit to .... Prometheus In The New Age

Tuesday, February 3, 2015
“သတင်းစာ များများဖတ်”
“သတင်းစာ များများဖတ်”
။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။
သတင်းစာရှင်းလင်းပွဲတွင်ဖြစ်သည်။
တာဝန်ရှိအရာရှိတစ်ဦးမှ မီဒီယာများအား ငါးနှစ်စီမံကိန်း
အကောင်အထည်ဖော်မှု အခြေအနေကို ရှင်းပြနေသည်။
“ငါးနှစ်စီမံကိန်းမှာ လျာထားတဲ့အတိုင်း .......... မြို့မှာ
လျှပ်စစ် ဓါတ်အားပေးစက်ရုံတစ်ခုကို အောင်မြင်စွာ ဆောက်
လုပ်ပြီးစီးသွားပြီ"
စာနယ်ဇင်းထဲမှ တစ်ယောက်က ထပြောသည်။
“အဲ့ဒီမြို့ကနေ မနေ့ကပဲ ကျွန်တော်ပြန်လာခဲ့တယ်၊
ဘာဓါတ်အားပေးစက်ရုံမှမရှိဘူး"
အရာရှိက ဆက်ပြောသည်။
“(—–) မြို့မှာတော့ ဓါတ်မြေသြဇာ
စက်ရုံတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်"
(စောစောက ထပြောသူကပင်ပြောသည်)
“တလောက အဲ့ဒီမြို့ကိုရောက်ခဲ့သားပဲ၊
စက်ရုံနဲ့တူတာတောင် မတွေ့ခဲ့ပါဘူး"
ထိုအခါ အရာရှိက
စိတ်တိုစွာဖြင့်ပြန်ပြောလိုက်သည်က ....
“ဒီမယ် ခင်ဗျား ဟိုဟိုဒီဒီလျှောက်သွားနေမယ့်အစား
သတင်းစာများများဖတ်သင့်တယ်" ဟူ၏။
ps ... ဒါဆိုရင် သတင်းစာဆိုတာ ... :-)
(ရေးသားသူ အမည် ဖော်ပြမထားပါ။)
credit to .... uhtaythein

Sunday, February 1, 2015
"အဆိပ် ရှိသော မြွေ"
"အဆိပ် ရှိသော မြွေ"
။။။။။။။။။။။။။။။။။။။။။။။။
မြွေဆိုး တစ်ကောင်က သူတော်စင် တစ်ဦး ထံပါးမှာ
ကတိသစ္စာ တစ်ခု ပြုလေတယ် ။
"နောက်နောင် ဘယ်သောအခါမှ လူတွေ ကို အန္တရာယ်
မပြုတော့ပါဘူး ။ မြွေ ယဉ်ကျေး လိမ်မာ ဖြစ်အောင် နေပါတော့မည်"
ဟု လေးလေး နက်နက် သစ္စာလည်း ပြု လိုက်တယ် ။
ဒီလိုနဲ့ မကြာဘူး ရပ်နီး ရွာစပ်က ခလေး တစ်သိုက် က ဆော့
ကစားရင်းနဲ့ မြွေအောင်းရာ အရပ်မှာ မြွေကို မြင်တော့ လောက်လေး တွေနဲ့
ပစ်တယ်။ ခဲတွေနဲ့ မရဲတရဲ ထုကြည့်ကြတယ် ။
မြွေလည်း သူတော်စင် အပါးမှာ ပြုခဲ့တဲ့ ကတိ သစ္စာ ထာဝရတည် စေရမယ်ဟု
သူ့ ရင် ၌ ကြုံးဝါးပြီး သွေးအလိမ့်လိမ့် ဖြစ်လာလင့်ကစား ကလေး အပေါင်းအား
ရန်မပြုရုံတင် မက မာန်ပင် မဖီခဲ့ဘူး ။
ပြန်မလုပ် မှန်းသိသော အခါ၊ ထုလို့ ရမှန်း သိတော့အခါ၊
ခလေးတွေလည်း တစ်ရက် နှစ်ရက် ရက်အတန်ကြာသည်
အထိပင် မြွေကို နှိပ်စက်ပြီး သူတို့ကိုယ်ကို သူတို့
သူရဲကောင်းပြု ကြတယ် ။
နောက်ဆုံး ဝေဒနာ မခံနိုင် ဖြစ်ကာ ဒဏ်ရာ ဗရပွနဲ့
သူတော်စင် အပါး၌ ခစားပြီး ၀မ်းနည်း ပက်လက်ဖြင့် သူ့ ဖြစ်ရပ်ကို
ရင်ဖွင့်လေတယ် ။
သူတော်စင် ကြီးက ဆုံးအောင် နားထောင်ပြီး ဆုံးမ စကားဆိုတယ် ။
သင် မြွေကြီး *** သင် ခန္တီ ရှိရမည် ဟု ငါ လမ်းပြ ခဲ့လေသည်၊
သို့ သော်လည်း သင့်ကို ပြု သမျှ မခုခံ အံကြိတ် ခံရမည် ဟု ငါ မဆိုခဲ့၊
သင် သည် ကိုယ်ပိုင် အဆိပ် ရှိသော
ကိုယ်ပိုင် အစွယ်ရှိသော မြွေ တစ်ကောင် ဖြစ်မှန်း တော့
သူတို့ သိစေရမည် ။ ***
နောက် တစ်နေ့ ၌ ထုံးစံ အတိုင်း ပင် လောက် လေးခွ ခဲ ကျောက် တို့ ဖြင့်
ပစ်ပေါက် အနိုင်ကျင့် ရန် ခလေး တစ်သိုက် ရောက်လာကြ ပြန် သည် ။
ဤအခါ ၌ မြွေသည် တရွှီရွှီ မြည်တွန်ပြီး ပါးပြင်း ထောင်လိုက်သော အခါ
သူတို့ သည်လည်း ကြောက်လန့်တကြား ထွက်ပြေး ကြလေ တော့သည်။
ထိုနေ့ မှ စ၍ မြွေသည် လည်း အေးချမ်းသွားလေ သည် ။
(အတွေး)
credit to .... kolay88

Subscribe to:
Posts (Atom)